အရင်တုန်းက ဇာတ်ကားတွေ ပြန်ကြည့်ရင်လွမ်းမိတယ်တဲ့။
Ei Ei Myat

သရုပ်ဆောင် ပြည့်ဖူးခိုင်က အရင်တုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ပြန်ကြည့်ရင် အရင်က အချိန်တွေကို လွမ်းဆွတ်သတိရမိတယ်လို့ ဆိုပါတယ်။

အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ပြည့်ဖူးခိုင်က အခွင့်အရေးပေးရင် ပရိသတ်တွေအတွက် အနုပညာအသစ်တွေ ထပ်လုပ်ပြချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူးတဲ့။

“လတ်တလော အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပါဘူး။ TV တွေကနေ အမဇာတ်ကားတွေ လာရင်ပရိသတ်တွေက လာလာပြောတယ်အဲဒီအခါမျိုးဆိုရင် စိတ်မကောင်းဖြစ်မိတယ်။ အခွင့်အရေး ပေးရင်လည်း အနုပညာအသစ်တွေ ထပ်လုပ်ချင်တယ်"”လို့ Duwun Media ကို ပြောပါတယ်။

အနုပညာလောကမှာ သူမဖြတ်သန်းခဲ့စဉ်တုန်းက ထွက်ခဲ့သမျှ ဇာတ်ကားတွေ အခွေတွေကိုလည်း ဘဝရဲ့ အမှတ်တရတစ်ခုအဖြစ် သိမ်းဆည်းထားတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

“အမလှုပ်ရှားခဲ့တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို သိမ်းထားတယ်။ ဇာတ်ကားတွေ ပိုစတာတွေ အကုန်လုံးကို သိမ်းထားတာ။ ကိုရဲလေး ကိုစိုင်းတို့နဲ့ ရိုက်တဲ့ ဇာတ်ကားဆိုရင်လည်း ခဏခဏ ပြန်ကြည့်မိတယ်။ အဲဒီဇာတ်ကားလေးက ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားဘူးလေ” လို့ သူက ပြောပြခဲ့ပါတယ်။

ပြည့်ဖူးခိုင်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာပါ။ ပြည့်ဖူးခိုင်ကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူရဲ့သီချင်းလေးတွေဟာလဲ မိန်းကလေးတွေ အတော်လေးကို ကြိုက်နှစ်သက်ခဲ့ပါတယ်။

သူက သီချင်းလေးတွေလဲ သီဆိုခဲ့သလို သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။စွယ်စုံရအနပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး။ သူမကတော့ အနပညာအလုပ်တွေကနေရပ်နားထားပေမယ့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။


က္က