ဘုရား၊ တရားလုပ်တဲ့အကျိုးကြောင့်ပါလို့ သူကဆိုပါတယ်။

ပိုပိုကတော့ ဘုရား၊ တရားအလုပ်တွေ ပိုလုပ်ဖြစ်လာတဲ့အတွက် သူမရဲ့ လောဘ၊ ဒေါသစိတ်တွေ အရင်ကထက် လျော့လာတယ်လို့ ဆိုပါတယ်။ 

Photo: Po Po



အဆိုတော်ပိုပိုကတော့ အသက်တစ်နှစ်ကြီးလာတိုင်း သူမရဲ့ စိတ်တွေ ပိုရင့်ကျက်လာတယ်လို့ ဆိုပါတယ်။ ဘုရား၊ တရားအလုပ်တွေ ပိုလုပ်ဖြစ်တာကြောင့် စိတ်ခံစားချက်တွေလည်း ပြောင်းလဲလာတယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အပျိုကြီးလည်း ဆက်လုပ်မှာ ဘာသာရေးကိုလည်း ပိုပြီးတော့ လုပ်ဖြစ်မယ်။ ကိုယ်ကိုယ်တိုင်လည်း ဘာသာရေးကို ပိုလုပ်ဖြစ်လာတဲ့ အချိန်မှာ တချို့အရာတွေကို စိတ်ကုန်လာတယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေ အပေါ်မှာ ခံစားချက်တွေ မရှိအောင် တဖြည်းဖြည်းခြင်း ကြိုးစားနေမယ်။ ဘာဝနာ အားထုတ်မယ်ပေါ့နော်။ ကောင်းတဲ့ အလုပ်တွေကိုပဲ ရွေးလုပ်မယ်။ အခုဆို ကိုယ့်စိတ်တွေက ပိုရင့်ကျက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အသက်ပိုကြီးလာတယ်လို့ ခံစားရတယ်။ ငါ ဘယ်နေ့သေမယ်၊ ကိုယ့်ကိုယ်ကိုယ် အသေလှအောင် အကောင်းဆုံးနေထိုင်ရမယ်။ အရှင်ဆန္ဒဓိကရဲ့ စာအုပ်လေးတွေ၊ နောက်ထပ် တရားစာအုပ်လေးတွေ ပိုပို ဖတ်ဖြစ်တယ်” လို့ သူမရဲ့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာပါ။ 

Photo: Po Po

ပိုပိုဟာ အရင်တုန်းက ဒေါသအရမ်းကြီးသူတစ်ယောက်ဖြစ်တယ်လို့ သူမကိုယ်တိုင်က ပြောပြလာပါတယ်။ ဘုရား၊ တရား ပို လုပ်လာပြီးတဲ့နောက်မှာတော့ အရင်တုန်းကလောက် ကိုယ့်စိတ်ကို ထိန်းနိုင်ပြီလို့ ဆိုပါတယ်။ 

“ အရင်တုန်းက စိတ်ဒေါသအရမ်းကြီးတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းကျောင်းရတယ်။ တစ်ခုခုဆိုရင်လည်း ကိုယ်ချင်းစာတဲ့ စိတ်ကို ပြန်မွေးရတယ်။ ဒီလိုဖြစ်ဖို့ကလည်း ချက်ချင်းတော့ ဖြစ်လာတာမဟုတ်ဘူး။ နှစ်ပေါင်းအများကြီးတော့ ကြာတယ်။ လောဘတွေ၊ ဒေါသတွေလည်း လျှော့လာတယ်။ အဆင်မပြေတာတွေရှိလည်း နောက်တစ်ခေါက် ကြိုးစားလို့ရတယ်ပေါ့နော်။ ဒီလိုလေးတွေက ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာတယ်လို့ ထင်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Po Po

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က