မုန့်ဖိုးတောင်းတာကလည်း တစ်ခါတလေပါတဲ့။

ခင်ဇာခြည်ကျော်က သားလေး ဘုန်းမင်းနေလအပေါ် ပရိသတ်တွေ အထင်မလွဲစေချင်ဘူးလို့ ဆိုပါတယ်။ မုန့်ဖိုးတောင်းတာကလည်း လိုအပ်မှသာ တောင်းလေ့ရှိတာလို့ ပြောပါတယ်။

Photo: Phone Min Nay La



သရုပ်ဆောင် ခင်ဇာခြည်ကျော်က သားဖြစ်သူကိုပေးတဲ့ မုန့်ဖိုးနဲ့ပတ်သက်ပြီး ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။ လိုအပ်မှသာ မုန့်ဖိုးကို ထုတ်ပေးဖြစ်တာပါလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’Online Page တစ်ခုကနေပြီးတော့ တင်လိုက်တာပေါ့နော်။ သူတို့က အစ်မတို့ကိုမေးတယ် ကလေးက ပြန်လုပ်ကျွေးနေပြီဆိုတော့ ဘုန်းမင်းက လိမ္မာလား၊ လိမ္မာတယ်ပေါ့ ဘာကြောင့် လိမ္မာလည်းဆိုတော့ သူများကလေးတွေဆိုရင် မိဘကို ပြန်ပေးချင်မှ ပြန်ပေးမှာလေ။ သူတို့ငယ်ငယ်လေးကတည်းက အစ်မက အိမ်ထောင်ကွဲပြီးတော့ သူတို့အရှေ့မှာ မားမားမတ်မတ် ရပ်တည်ရုန်းကန်လာတာဖြစ်တဲ့အတွက် သူတို့က နားလည်တယ်။ သူတို့ အခုရှာလို့ရတဲ့ ပိုက်ဆံကိုလည်း အစ်မပဲ သိမ်းတာလေ။ တစ်ခါတလေ သူ Shopping ထွက်ရင် မေမေ ၁ သိန်းလောက်၊ ၂ သိန်းလောက် တောင်းတယ်လို့ အစ်မက အဲဒီလိုပြောလိုက်တာ အဲဒါကို အရှေ့ကဟာတွေဖြတ်ပြီး ၂ သိန်း၊ ၃ သိန်းလောက်ဆိုတော့ ကလေးတွေက အသုံးကြမ်းတဲ့လူ ဖြစ်မသွားဘူးလား၊ အစ်မကလည်း အဲဒီလောက် ချမ်းသာတဲ့သူ မဟုတ်ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Phone Min Nay La

အဲဒီနောက် သားဖြစ်သူ ဘုန်းမင်းနေလဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ကြိုးစားနေတဲ့သူဖြစ်လို့ ပရိသတ်တွေ အထင်မလွဲစေချင်ဘူးလို့ဆိုပါတယ်။ သားလေးကို ချစ်တဲ့ အချစ်တွေ မလျော့စေချင်ဘူးဆိုပြီးတော့ ဇူလိုင်လ ၃၀ ရက်နေ့က Aroma ပွဲအတွက် အကျီင်္ရွေးချယ်ဖို့ ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

‘’ပရိသတ်အချစ်တွေ၊ ပရိသတ်မေတ္တာတွေနဲ့ ရပ်တည်နေရတဲ့သူဖြစ်တဲ့အတွက် ပရိသတ်နဲ့ အစ်မတို့ကို တိုက်ပေးတာပေါ့။ ကလေးကလည်း အခုမှတက်သစ်စဆိုတော့ အထင်လွဲမှာလည်း ကြောက်တယ်။ အစ်မတို့ကိုလည်း အထင်ကြီးပြီးတော့ ဒီလိုကြီးလားဆိုတာလည်း အထင်လွဲမခံနိုင်ဘူးလေ။ သမီးလေးကတော့ မုန့်ဖိုးမတောင်းဘူး သူလိုချင်တာရှိရင်တော့ ဝယ်ခိုင်းတယ်’’ လို့ သူကဆိုပါတယ်။

Photo: Phone Min Nay La

ဘုန်းမင်းနေလ( Phone Min Nay La) ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့တာက စလို့ ပရိသတ်အားပေးမှု ပိုရရှိခဲ့တာပါ။ လက်ရှိမှာလည်း ဘုန်းမင်းနေလက အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က