Sabal Thwin

ရှိန်းတင်ထူးဟာ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကလေးတစ်ယောက်လို ချစ်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ကားကြီးက ရုံတင်တော့မယ်လို့ ပြောပါတယ်။

Photo: Shein Tin Htoo

ဒီနေ့ခေတ် တက်သစ်စ အနုပညာရှင်လေးတွေထဲမှာတော့ မိန်းကလေး ပရိသတ်တွေ အများဆုံးရရှိထားတဲ့ ရှိန်းတင်ထူးကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေအားလုံးကိုလည်း သူက ကလေးလေးလိုပဲ ချစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ထင်တော့ မထင်ပါဘူး။ ကိုယ့်အိုင်ဒေါကို အားပေးတာပဲ။ ကျွန်တော်ကလေ သူတို့ကို ကျွန်တော့် Fan ပေါ့နော်။ အကုန်လုံးခေါ်နေလို့သာ ကျွန်တော်က fan လို့ သုံးနှုန်းလိုက်တာ တကယ်တော့ ကျွန်တော်သတ်မှတ်ထားတာက ကလေး လေးတွေလို သတ်မှတ်ထားတာ။ သူတို့က ကျွန်တော် ဘာလုပ်လုပ်ချစ်တယ်။ ကျွန်တော်ကလည်း သူတို့ကိုချစ်တယ်။ အဲဒီတော့ ကျွန်တော့် ညီမလေးတွေ၊ ကလေးလေးတွေ၊ ညီလေးတွေပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Shein Tin Htoo

ရှိန်းတင်ထူးကိုတော့ ‘’သူစိမ်းအိမ်’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ရုပ်အတွက်ကိုလည်း ယုံကြည်ချက် အပြည့်ရှိတယ်လို့ ဆိုပါတယ်။

‘’ ကိုထူးပိုင်ဇော်ဦးကလည်း ကျွန်တော်တို့ကို တကယ်ယုံကြည်လို့ ဒီဇာတ်ကားထဲမှာ ထည့်တာပေါ့နော်။ ဒီကာရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်တယ်။ ကျွန်တော့်ကို အနည်းအကျဉ်းအားပေးတဲ့ ပရိသတ်တော့ ရှိတာပေါ့။ အဲဒီ ပရိသတ်တွေအများကြီး မျက်နှာမပျက်စေရအောင် ကျွန်တော် အများကြီး ကြိုးစားမှရမှာပါ’’ လို့ ဇူလိုင်လ ၁၆ ရက်နေ့က သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲမှာဖြေဆိုခဲ့တာပါ။

Photo: Shein Tin Htoo

ရှိန်းတင်ထူးဟာ အနုပညာလောကထဲကိုမော်ဒယ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ Tik Tok ဗီဒီယိုလေးတွေကနေတဆင့် ပရိသတ်အားပေးမှု စတင်ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း တီဗီကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်းကနေမှ မိန်းကလေး ပရိသတ်တွေ၊ ယောကျာ်းလေး ပရိသတ်များစွာတို့ရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းသားချောလေးတစ်ယောက် ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က