အမွေပေးခဲ့ချင်တယ်တဲ့။
Ei Ei Myat

သရုပ်ဆောင် ဆုပန်ထွာက အစအနောက် သန်ပြီး ချစ်ဖို့ကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သားသားက အစအနောက်လည်း သန်သလို ဘာသာရေးကိုလည်း ကိုင်းရှိုင်းတဲ့ ကလေးလေး ဖြစ်ပါတယ်။

 

Photo : ဆုပန်ထွာ

သရုပ်ဆောင် ဆုပန်ထွာက သားလေး Roar Roar ကို သူမရဲ့ အနုပညာအမွေတွေ ပေးခဲ့ချင်တယ်လို့ ဆိုပါတယ်။ သူသာဝါသနာပါမယ်ဆိုရင် သူမအနေနဲ့ အနုပညာအလုပ်ကို လုပ်စေချင်ပြီး ဖြစ်အောင်လည်း ပံ့ပိုးပေးသွားဖို့ အဆင်သင့်ပါလို့ ပြောပါတယ်။

“သူအနုပညာတွေ ဘာတွေ ဝါသနာပါရင်လည်း အမတို့က ပံ့ပိုးပေးရမယ်။ လုပ်ပေးရမှာပေ့ါ အမကလည်း အနုပညာ သမားပဲ ဆိုတော့ ဝါသနာပါတာ လုပ်ပေးမှာ။ အမကတော့ လုပ်စေချင်တယ်။ ကိုယ့်ဗိုက်ထဲကနေ ထွက်လာတဲ့ ကလေးဆိုတော့ သူဝါသနာပါရင်တော့ လုပ်ကို လုပ်ရမယ် မလုပ်လို့ မရဘူး ။ အမလည်း အနုပညာကို ချစ်တယ်။ တန်ဖိုးလည်း ထားတယ်။ ကိုယ်အခုချိန်ထိ ပိုက်ဆံ ရရ မရရ ဒီလို လုပ်နေရရင်ကို ပျော်နေတဲ့ သူဆိုတော့ သူလုပ်မယ်ဆို အမလည်း ပျော်မှာပဲ။ အမကတော့ ပေးလုပ်မယ် လုပ်ကို လုပ်ရမယ်” ဆိုပြီး Duwun Media ကို ပြောပြခဲ့ပါတယ်။

Photo : ဆုပန်ထွာ

ဆုပန်ထွာရဲ့ သားလေးက အစအနောက်သန်ပေမယ့် ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ဦးပါ။ အပတ်စဉ်မိခင်နဲ့အတူ သံဃာတော်များအား ဆွမ်းလောင်းလေ့ရှိတဲ့ ကလေးလေး တစ်ဦးလည်း ဖြစ်ပါတယ်။

“ပန်ပန်တို့ အိမ်မှာဆို သူ့အဖေက သူ့အရှေ့မှာ တစ်ခုခု မပြောနဲ့ အကုန်လိုက်ပြောတာ။သူ့အဖေက မိန်းမရေ ခေါ်ရင် သူကပါ မိန်းမရေ မိန်းမရေဆိုပြီးခေါ်ရော ။အရမ်းအစနောက်သန်တာ”ဆိုပြီး သားလေးရဲ့ အကြောင်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo : ဆုပန်ထွာ

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က အမေရိကန်နိုင်ငံ Santa Monica ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်အတွက်မှာ သားလေး Roar Roar Kyaw လေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ သူတို့ရဲ့ မင်္ဂလာသက်တမ်း၄ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။

Photo : Bling bling

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။ 


က္က