ပြက်လုံးတွေ ပြက်ရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးတယ်။

လူရွှင်တော် ငြိမ်းချမ်းဟာ အငြိမ့်လောကထဲက စတင်ဝင်ရောက်လာကတည်းက အဖေ တစ်ယောက်လို ဆရာတစ်ယောက်လို ရင်းနှီးခဲ့တဲ့ ဦးမန်းဝင်းနဲ့အမှတ်တရတွေကို ပြောပြလာပါတယ်။ 

photo: Nyein Chan



ငြိမ်းချမ်းကတော့ လူရွှင်တော် အလုပ် စလုပ်ကတည်းက ဦးမန်းဝင်းနဲ့ တွဲဖက်ပြီး ပြက်လုံးတွေ ပြက်ခဲ့ရတယ်လို့ ဆိုပါတယ်။ လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ သူ့အတွက်တော့ ဒုတိယမြောက် ဆရာအရင်းတစ်ယောက် ဖြစ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဦးငြိမ်းချမ်း စင်ပေါ်မှာ လူရွှင်တော် စလုပ်ပြီဆိုကတည်းက ဦးမန်းဝင်းနဲ့ ကခဲ့ရတာပါ။ ကိုယ့်အတွက်တော့ ဒုတိယမြောက် ဆရာအရင်းပေါ့။ သူ့ဘဝ တစ်လျှောက်လုံးမှာ ဦးငြိမ်းချမ်းနဲ့ အတူတွဲပြီး ကရတာလောက် ဘယ်လူရွှင်တော်မှ စိတ်တိုင်းမကျဘူး။ ဒါပေမယ့် အဆင်ပြေအောင် သူ ကခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင်က ဦးငြိမ်းချမ်းနဲ့ တွဲကရတာ စိတ်အချမ်းသာဆုံးနဲ့ အပျော်ဆုံးပါ။ ဘာကြောင့်လဲ ဆိုတော့ သူက ဘာကြိုက်တတ်တယ်၊ သူက ဘာပြက်လုံးပြက်ရင် ငါက ဘာလုပ်ပေးရမယ် ဆိုတာ ဦးငြိမ်းချမ်းက အကုန်သိတော့ တွေ့တိုင်းပြောတယ် မင်းနဲ့ ကရတာလောက် မကောင်းပါဘူးကွာ၊ ဒီကောင်တွေ မင်းကတာ မကြည့်ဖူးကြဘူးလား မသိဘူး၊ မမှတ်ထားကြဘူးလား မသိဘူးဆိုပြီးတော့ ပြောတယ်” ဇူလိုင် (၁၃) ရက်နေ့က ဦးမန်းဝင်းရဲ့ အိမ်မှာ ဖြေဆိုခဲ့တာပါ။ 

photo: Nyein Chan

ဖခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရသလို ခံစားရတယ်လို့ ရင်ဖွင့်လာတဲ့ လူရွှင်တော် ငြိမ်းချမ်းကလည်း ဝမ်းနည်း ကြေကွဲနေရတာတွေကို Duwun ကနေ ရင်ဖွင့်ပြောပြလာပါတယ်။  

“ ဦးမန်းဝင်းက သူက ဦးငြိမ်းချမ်းကို စတွေ့ကတည်းက သားလို့ပဲ အမြဲခေါ်ခဲ့တာ။ ဟေ့ကောင် ၊ မင်း ဒီလိုတွေ လုံးဝ မခေါ်ခဲ့ဖူးဘူး။ သူ့ကို ဘယ်အချိန်မှာပဲ တွေ့တွေ့၊ ဘယ်လိုပဲ ကလေးဆိုးကြီးလို ဆိုးဆိုး ရယ်နေတာချည်းပဲ။ ဦးငြိမ်းချမ်းကိုလည်း တစ်ချက်လေး စိတ်ဆိုးသွားတာ၊ စိတ်ကောက်သွားတာ မရှိဘူး။ ကိုယ့်ကို တွေ့ရင်လည်း သူ့မှာ ပျော်နေတာ အဖေအရင်း တစ်ယောက်က သားသမီးအပေါ် ထားတဲ့ မေတ္တာမျိုးပါ။ ကိုယ့်အတွက်တော့ အဖေအရင်း တစ်ယောက် ဆုံးရှုံး
လိုက်ရသလိုပါပဲ” လို့ သူက ဆိုပါတယ်။ 

photo: Nyein Chan

ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဇူလိုင်(၁၃) ရက်နေ့ မနက် (၆) နာရီခွဲ အချိန်မှာ ကွယ်လွန်သွားပြီဖြစ်တာကြောင့် မိသားစု နဲ့ထပ်တူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း ဝမ်းနည်းကြေကွဲ ခဲ့ကြပါတယ်။ ဦးမန်းဝင်းရဲ့ ရုပ်ကလာပ်ကိုတော့ ဇူလိုင်(၁၅) ရက်နေ့ နေ့လယ် (၂) နာရီအချိန် ကျီစုသုဿာန်မှာ မီးသဂြိုဟ်သွားမှာဖြစ်ပါတယ်။ ဇူလိုင်(၁၉) ရက်နေ့ မနက် (၇) နာရီအချိန်မှာ ဦးမန်းဝင်းရဲ့ နေအိမ်မှာပဲ ရက်လည်ဆွမ်းသွပ် တရားနာအလှူပြုသွားမယ်လို့ သိရပါတယ်။ 

Photo: Nyein Chan

ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ " သောက်မလား ကို့ ... ရေခဲရေ .. ရေခဲရေ" ဆိုတဲ့ သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က