သားသားက အခုဆို တော်တော်တတ်နေပြီတဲ့။

မြင့်မြတ်ကတော့ အလုပ်ပြီးလို့ အိမ်ပြန်ချိန်ဆို သားလေးနဲ့ အတူတူဆော့ရတာ အမောပါပဲ။ တစ်နှစ်ကျော်သွား ပြီဖြစ်တဲ့ မြင့်မြတ်ရဲ့ သားလေးက အခုဆို တော်တော့်ကို တတ်နေပါပြီ။

 

Photo : မြတ်ဝေထွန်း



မြင့်မြတ်က သားလေးရဲ့ ပြောင်းလဲလာမှုတွေ သားလေးရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတမ်း စောင့်ကြည့်နေမိတယ်လို့ ဆိုပါတယ်။ သားရဲ့ လှုပ်ရှားမှုတိုင်းက သူ့ကို အမောပြေစေပြီး အားလပ်ချိန်တွေတိုင်းမှာလည်း သားသားနဲ့ အတူတူ ဆော့ဖြစ်တယ်လို့ မြင့်မြတ်က ပြောပါတယ်။ တစ်နှစ်ကျော်သွားပြီဖြစ်တဲ့ သားလေး မြတ်သူက အခုဆိုရင် တော်တော့်ကို တတ်နေပြီလို့ မြင့်မြတ်က ဆိုပါတယ်။

Photo : မြတ်ဝေထွန်း

သားလေးရဲ့ ပြောင်းလဲလာမှုလေးတွေကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“အဓိကတော့ ကျွန်တော်က အလုပ်နဲ့ အချိန်ကုန်တာများတယ်။ မိသားစုကို အချိန်ပေးဖြစ်တာနည်းတယ်။ ကျွန်တော် ကားရိုက်ပြန်တဲ့အချိန် ကျမှ သားလေးနဲ့ ကစားဖြစ်တယ်။ အဲဒီအချိန်ကျမှ မိန်းမနဲ့ အပြင်သွားတာမုန့်တွေဘာတွေ လိုက်ကျွေးတာမျိုး လုပ်ဖြစ်တယ်။ သားသားက အခုတော်တော်တတ်နေပြီ။ ကလည်း ကတတ်နေပြီ။ နေ့တိုင်း သူပြောင်းလဲလာတာလေးတွေ အမြဲတမ်း စောင့်ကြည့်နေရတာပေါ့။သားရဲ့ လှုပ်ရှားမှုလေးတိုင်းက အမောပြေစေတယ်” လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

Photo : မြတ်ဝေထွန်း

မြင့်မြတ်ရဲ့ သားလေး မြတ်သူက အမေတူသားလေးဆိုလည်း မမှားပါဘူး။ အသားဖြူတာကအစ အမေနဲ့တူပေမယ့် မြင့်မြတ်နဲ့ တူတဲ့ အကျင့်လေးတွေလည်း ရှိလို့နေပါတယ်။

“ကျွန်တော်နဲ့ တူတာနည်းတယ်။ အမေနဲ့တူတာများတယ်။ အသားဖြူတာကအစရောပေ့ါ။စိတ်ကြီးတာကတော့ ကျွန်တော်နဲ့ တူတယ်။ သောင်းလည်းသောင်းကျန်းတယ်။ အဲ့ဒါတွေက ကျွန်တော်နဲ့တူတာပေ့ါ” လို့ မြင့်မြတ်က ဆိုပါတယ်။ မြင့်မြတ်နဲ့ သားလေး မြတ်သူတို့က မွေးနေ့ချင်း တူတာလေးကလည်း အမှတ်တရပါပဲ။

Photo : မြတ်ဝေထွန်း

မြင့်မြတ်ကတော့ ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့က အသက်(၃၃)နှစ်ပြည့်လို့သွားခဲ့ပြီ ဖြစ်သလို သူနဲ့ မွေးနေ့တူတဲ့ သားသားလေး မြတ်သူကတော့ အသက်(၁)နှစ်ပြည့်သွားခဲ့ပါပြီ။

မြင့်မြတ်ရဲ့သားလေးကို သြဂုတ်လ(၇) ရက်နေ့ မနက် (၉)နာရီ(၁၅)မိနစ်က ရန်ကုန်မြို့ ဝီတိုရိယ ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ရိုက်ကွင်းတွေမှာတောင် ဂျူနီယာမြင့်မြတ်လေးကို တွေ့နိုင်ပြီဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီးဖြစ်သူ ခင်သူအောင် တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က