loading...

loading...

loading...

မေမွှေးကလည်း ကျွန်တော့်ကို သင်ကြားပေးတာတွေရှိတယ်။
Sabal Thwin

ကောင်းပြည့်ကတော့ အောင်ရဲလင်းနဲ့ ရုပ်ရှင်ကားကြီး ပထမဆုံးအတူတူရိုက်ကူးချိန်မှာ သူ့အတွက် တကယ့် စီနီယာကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Kaung Pyae

သရုပ်ဆောင် ကောင်းပြည့်ကတော့ အောင်ရဲလင်းနဲ့ အတူတွဲပြီး “နှင်းဆီရဲတိုက်”ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးထားတာ ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ အောင်ရဲလင်းရဲ့ စီနီယာကောင်းပီသ မှုတွေကိုလည်း ကောင်းပြည့် က အခုလို ပြောပြလာပါတယ်။ 

“ကိုအောင်ရဲလင်းကတော့ ကျွန်တော့်အတွက် စီနီယာကောင်းတစ်ယောက်ပါ။ နောက်တက်လာတဲ့ လူငယ်တွေ၊ အနုပညာရှင်လေးတွေကို ဂရုတစိုက်လက်တွဲခေါ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါ။ အဲဒါကို စီနီယာကောင်းတစ်ယောက်လို့ ခေါ်ပါတယ်။ နောက်တက်လာတဲ့ အနုပညာရှင်တွေအပေါ် သူက ရှိန်နေစရာမလိုအောင် အရင်ခေါ်တယ်၊ အလုပ်အတူတူတွဲလုပ်ပေးတယ်။ ဒါကတော့ အနုပညာသမားတိုင်း ထားသင့်တဲ့ စိတ်ပါပဲ” လို့ သူကဆိုပါတယ်။ 

Photo: Aung Ye Lin

ကောင်းပြည့်ဟာ ဒီဇာတ်ကားထဲမှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ စီနီယာကောင်းတွေကြောင့် သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ဒီဇာတ်ကားမှာ နောက်ထပ် စီနီယာကောင်းတစ်ယောက်ကတော့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ဖြစ်တယ်လို့ သူက ပြောပါတယ်။ 

“အမေမွှေးဆိုရင်လည်း သူသရုပ်ဆောင်ရမယ့် ကာရိုက်တာထက် ကျွန်တော့်ကို အဓိက ထားသင်ပေးတယ်။ ငိုရတဲ့အခန်းတွေဆိုရင် တကယ်ဆို ငိုပြီးရင် ရင်ဘတ်အောင့်တယ်လေ။ ဒါကို သူက ဂရုမစိုက်ပဲနဲ့ အနစ်နာခံပြီးတော့ သင်လည်းသင်ပေးတယ်။ အဲဒီဇာတ်ကားကလည်း အမေမွှေးနဲ့ ပထမဆုံးဇာတ်ကားပဲ။ ရိုက်ကွင်းပေါ်မှာသာမက အနားယူတဲ့အချိန်တွေမှာတောင် သူ့ရဲ့ နားချိန်ထဲက ဖဲ့ပြီးတော့ ကျွန်တော့်ကို သင်ပေးတယ်။ တကယ်ကို စီနီယာကောင်းတွေနဲ့ ဆုံခဲ့ရတာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Moht Moht Myint Aung

နှင်းဆီရဲတိုက် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ အတွင်းက ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကောင်းပြည့်ရဲ့ ကာရိုက်တာကတော့ ရွှေမှုံရတီရဲ့ ခင်ပွန်းအဖြစ်ပါဝင်သရုပ်ဆောင်ထားတာ ပါ။ ကောင်းပြည့်နဲ့ အတူ အောင်ရဲလင်း၊ မို့မို့မြင့်အောင်နဲ့ ရွှေမှုံရတီ တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ အောင်မြင်မှုများစွာ မရရှိခဲ့ပေမယ့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။ 

Photo: Kaung Pyae

ကောင်းပြည့်ကိုတော့ ပရိသတ်တွေက TV ကြော်ငြာတွေကနေတဆင့် စတင်သိရှိလာခဲ့ကြတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ကောင်းပြည့်ပါဝင်သရုပ်ဆောင်ထားတဲ့ "ပျံကျကူလီ" ရုပ်ရှင်ဇာတ်ကားနဲ့ " နှင်းဆီရဲတိုက်" ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလို့ လာပါပြီ။




loading...

က္က