ဇာတ်ကားရိုက်ဖို့ ရီဟာဇယ် လုပ်ရင် သူက ဂိမ်းဆော့တယ်။

ဝင့်ယမုံနိုင်ဟာ အောင်ရေချမ်းနဲ့ ဇာတ်လမ်းတွဲတွေ အတူတူ ရိုက်ခဲ့ဖူးတုန်းက အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Wint Yamone Naing



ဝင့်ယမုံနိုင်ကတော့ သူငယ်ချင်းဖြစ်သူ အောင်ရေချမ်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလျှက်ရှိတာ တွေ့ရပါတယ်။ သူမကိုယ်တိုင်သတိထားမိတဲ့ အောင်ရေချမ်းရဲ့ အားသာချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။

"အောင်ရေချမ်းကို သတိထားမိတဲ့အချက်လေးတစ်ချက်ရှိတယ်။ သူကလေ ယမုံ တို့နဲ့အတူ ရီဟာဇယ် လုပ်တယ်ဆိုရင် ကောင်းကောင်း ဘယ်တော့မှ မလုပ်ဘူး ဂိမ်းဆော့လိုက်၊ ဟိုယောင်လိုက်၊ ဒီယောင်လိုက် လုပ်တာ။ ဒါပေမယ့် တကယ့် တကယ် လုပ်ပြီ၊ ရိုက်ပြီဆိုရင် တကယ်ကို ဟုတ်သွားတာပေါ့နော်။ ဒါက သူ့ရဲ့ အားသာချက် တစ်ချက်လို ဖြစ်သွားတာပါ" ဆိုပြီးတော့ ဇူလိုင် ၇ ရက်နေ့က အောင်ရေချမ်းရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Wint Yamone Naing

ဝင့်ယမုံနိုင်နဲ့ အောင်ရေချမ်းတို့ ဟာ MRTV-4 က ထုတ်လွှင့်တဲ့ " ကျွန်မက မဟေသီ" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာ အတူတွဲ သရုပ်ဆောင်ထားတယ်လို့ သူကဆိုပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူတို့နှစ်ယောက်ကို မင်းမျိုးနွယ် နဲ့ စံမြန်း ဆိုတဲ့ ဇနီးမောင်နှံ နှစ်ယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်ကား ကောင်းလေး ဖြစ်တာကြောင့်လည်း ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိခဲ့ပါသေးတယ်။ ဝင့်ယမုံနိုင် နဲ့ အောင်ရေချမ်းတို့ သရုပ်ဆောင် နှစ်ဦးဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းကနေ ပရိသတ်အခိုင်အမာ ရရှိလာကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ 

Photo: Wint Yamone Naing

ဝင့်ယမုံနိုင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ " Sing Of Love Series" ဇာတ်ကားကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်ချိန်မှာတော့ ဝင့်ယမုံလှိုင် ဆိုတဲ့နာမည်နဲ့ လုပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ဝင့်ယမုံနိုင် ဆိုတဲ့ နာမည်ကို ပြောင်းခဲ့ပါတယ်။ လက်ရှိမှာလည်း သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေ အဆက်မပြတ်ရိုက်ကူးနေရသူ တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ် အချစ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က