အစ်ကိုက ရှက်လည်း ရှက်တတ်တယ်။

ကာရိုက်တာ တည်တည်ငြိမ်ငြိမ်လေးတွေနဲ့ အမြဲ မြင်တွေ့ရလေ့ရှိတဲ့ အောင်ရေချမ်းက အပြင်မှာတော့ တည်ငြိမ်တဲ့သူ မဟုတ်တဲ့အကြောင်း မေမြင့်မိုရ်က ပြောလာပါတယ်။ 

Photo: Aung Yay Chan



မေမြင့်မိုရ်ကတော့ အနုပညာအလုပ်တွေအတူတူ လုပ်ခဲ့ကြတဲ့ သရုပ်ဆောင် အောင်ရေချမ်းရဲ့ အကြောင်း ပြောလာပါတယ်။ အောင်ရေချမ်းကတော့ ဇာတ်ကားထဲက ကာရိုက်တာနဲ့ အပြင်က ပုံစံ မတူဘူး ဆိုတာကိုလည်း Duwun ကနေ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်ကိုနဲ့က ကိုယ့်အနုပညာအလုပ်တွေ စလုပ်ကတည်းက ခင်တာဆိုတော့ သဘောလည်းကောင်းတယ်။ Series ရိုက်တဲ့ အခါတွေမှာဆိုရင်လည်း သူရိုက်ရတဲ့ ကာရိုက်တာတွေက တည်တည်ငြိမ်ငြိမ်လေးဆိုတော့ အဲဒီလို ကာရိုက်တာတွေနဲ့ သူလိုက်တယ်လို့ ထင်တယ်။ အပြင်မှာလည်း သူက မတည်ငြိမ်ပါဘူး အရမ်းကို Active ဖစ်တယ်။”ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာတာပါ။ 

Photo: May Myint Mo

အောင်ရေချမ်းနဲ့ မေမြင့်မိုရ်တို့ကို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတွဲသရုပ်ဆောင်အဖြစ် မြင်တွေ့ရလေ့ရှိပါတယ်။ ရိုက်ကွင်းနောက်ကွယ်က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေကိုလည်း မေမြင့်မိုရ်က အောင်ရေချမ်းရဲ့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာပါ။ 

“ သူနဲ့ ကိုယ်ကလည်း ရိုးမပေါ်ကျတဲ့ မျက်ရည်၊ တစစ်တမတ် ကိုယ်နဲ့ သက်ကို ဒီရုပ်ရှင်ဇာတ်ကားတွေထဲမှာ အစ်ကိုနဲ့ ဆုံဖူးတယ်။ ဇာတ်လမ်းတွဲတွေမှာတော့ သူနဲ့ မဆုံဖူးသေးဘူး။ပြီးတော့ အစ်ကိုက ရှက်တတ်တဲ့ ယောင်္ကျားလေးထဲမှာ ပါတယ်။ တခြားယောင်္ကျားလေးတွေ ဆိုရင် မရှက်တတ်ဘူးလေ။ ကိုယ်က တစ်ခုခု နောက်လိုက်ပြီဆိုရင် အရမ်းရှက်ပြီးတော့ အဝေးကြီးမှာ သွားနေရော” လို့ သူက ဆိုပါတယ်။ 

Photo: May Myint Mo

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က