အရမ်းကပ်စေးနည်းသူ တစ်ယောက်ပါတဲ့။

ချယ်ရီသင်းကတော့ ဂီတလောကထဲကို အခြေခံကနေ စပြီး ကြိုးစားလာခဲ့သူ ဖြစ်တာကြောင့် ပိုက်ဆံကို ရရင် ရသလို သုံးတတ်တဲ့ အကျင့်မလုပ်ထားဘူးလို့ ဆိုပါတယ်။ 

Photo: Cherry Thin



ချယ်ရီသင်းကတော့ ဂီတလမ်းကြောင်းပေါ်ကို " ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်" ဆိုတဲ့ သီချင်းလေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ Covid ကာလကြောင့် ဖျော်ဖြေရေးတွေ မလုပ်ရပေမယ့် ပရိသတ်တွေနားထောင်ဖို့ သီချင်းအသစ်လေးတွေ ဆက်လုပ်သွားမယ်လို့ Duwun ကနေ ဖြေဆိုခဲ့ပါတယ်။ 

" Covid ကာလမှာ အခက်အခဲဖြစ်တာက ဖြစ်တာပဲ ဒါပေမယ့် သီချင်းကလည်း ဆက်မလုပ်လို့ မရဘူး။ ပိုက်ဆံရရင် ရသလို သီချင်းလုပ်ဖို့အတွက် ပိုက်ဆံစုတယ်။ အနုပညာဝမ်းစာကိုပဲ ဖြည့်ဖို့ ကြိုးစားတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို ကပ်စေးနည်းတယ်လို့ပြောတယ်။ ချယ်ရီက Parsonal ပိုင်း ဘယ်အရာမှ အပို သုံးစရာမရှိဘူးလေ။ ကိုယ်က အပြင်သွားတတ်တဲ့သူလည်းမဟုတ်ဘူး၊ အစားအသောက်ကလည်း မမက်တဲ့ သူဆိုတော့ အပိုမကုန်ဘူး။ ခြစ်ကုပ်ပြီး စုတယ်။ အောက်ခြေက လာတဲ့သူ ဖြစ်တဲ့အတွက် ပိုက်ဆံရဲ့ တန်ဖိုးကို ပိုနားလည်တယ်" လို့ သူကဆိုပါတယ်။ 

Photo: Cherry Thin

ချယ်ရီသင်းဟာ အနုပညာကြေးကို ရရင် ရသလောက် သုံးတတ်သူ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခက်အခဲ ကြုံလာရတဲ့ အချိန်မှာ အရေးပေါ် ဝင်ငွေလိုတဲ့ အခါ အသုံးပြုနိုင်ဖို့ ပိုက်ဆံကို စုဆောင်းထားတယ်လို့ သူက ဆိုပါတယ်။ 

" ချယ်ရီဆိုရင် ကိုယ်က အဆိုတော် ဆိုပေမယ့် ဖိနပ်ကို ၂ သောင်းကနေ ၅ သောင်းဝန်းကျင်အထိပဲ စီးတာ။ သူများက လက်ဆောင်ပေးရင်သာ အကောင်းစား စီးတာ။ အဓိက ကတော့ ကိုယ့်ဝင်ငွေအခြေအနေကို ကြည့်ပြီး ကျားကြီးရင် ခြေရာကြီးတယ် ဆိုသလိုပဲ ကိုယ့်ရဲ့ ခြေရာကို ထိန်းထားတာပေါ့။ ပိုက်ဆံကို ဘဏ်ထဲမှာ ထည့်ထားတယ်။ လွယ်လွယ်သုံးမိမှာစိုးလို့ ATM ကဒ်တောင် မလုပ်ဘူး။ Mobile Banking လုပ်တာတောင် Password မေ့သွားလို့ တိုင်ပတ်နေတာ။ တကယ်တမ်း ကျန်းမာရေး အခက်အခဲ တစ်ခုခုဖြစ်လာရင် သူငယ်ချင်းတွေဆီက ချေးလို့လည်း အဆင်မပြေနိုင်လောက်ဘူးလေ။ အဲဒီအတွက် ပိုက်ဆံကိုခြွေတာပါ။ စုဆောင်းပါ။ လိုအပ်မှ သုံးပါလို့ မှာချင်တယ်" လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Cherry Thin

လက်ရှိမှာတော့ ချယ်ရီသင်းကိုယ်တိုင် သီဆိုထားတဲ့ “ မ လို့ပဲခေါ်” သီချင်းလေးဟာ ပရိသတ်ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ သူမကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ Duwun ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း " ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်" ဆိုတဲ့ သီချင်းနဲ့ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က