loading...

loading...

loading...

" ပြော" ဆိုတဲ့ သီချင်းက စတာပဲ။
Sabal Thwin

ဝိုင်းစုခိုင်သိန်းကတော့ ချစ်သူဖြစ်တဲ့ အောင်လကို လူချင်းမဆုံခင်ကတည်းက သီချင်းတွေနဲ့ ကြွေခဲ့ရတဲ့အကြောင်း ပြောလာပါတယ်။ 

ဝိုင်းစုခိုင်သိန်းကတော့ ချစ်သူဖြစ်တဲ့ အောင်လ နဲ့ အချစ်ရေးက အရမ်းကို သာယာနေတာ တွေ့ရပါတယ်။ သူမ ကိုယ်တိုင်ကလည်း အောင်လနဲ့ အပြင်မှာ မဆုံခင်က သီချင်းတွေ နားထောင်ရင်း ရင်ခုန်ခဲ့ရတဲ့အကြောင်းတွေ ကို အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သူ့ရဲ့ ‘ပြော’ ဆိုတဲ့ သီချင်းက မထွက်ခင် အွန်လိုင်းမှာ စထွက်တာလေ။ တစ်နှစ်လောက် ကိုယ့်ရဲ့ ဖုန်းထဲမှာ ထည့်ထားတာ။ အဲဒီသီချင်းကို အရမ်းကြိုက်တာ၊ အဆိုတော်ကိုလည်း ဘယ်သူမှန်း မသိဘူး။ သီချင်း MTV ရိုက်မယ်လည်းဆိုရော အဆိုတော်ကိုတောင် မသိပဲနဲ့ အဲဒီသီချင်းအတွက် ပြာပြာသလဲ သွားရိုက်ပေးတာ။ အလကား ရိုက်ပေးခဲ့တာ။ အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ၂၀၁၀ ကတည်းက သူနဲ့ တွဲတာဆိုတော့ ၉ နှစ်၊ ၁၀ နှစ်လောက်ရှိပြီ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Khun

ဝိုင်းစုခိုင်သိန်းက လက်ရှိမှာ ဂီတလမ်းကြောင်းပေါ်မှာပဲ တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင်အလုပ်နဲ့ ဝေးကွာခဲ့တာလည်း ၆ နှစ်နီးပါးရှိပြီလို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ချစ်သူဖြစ်တဲ့ အောင်လကလည်း အဆိုတော် အလုပ်ကိုပဲလုပ်ဖို့ ပြောတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က KIA ကားသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ သူက အရမ်းသဝန်တိုတာလေ၊ ဇာတ်ကားပေးရိုက်မှာ မဟုတ်ဘူး။ သူက အကုန်လုံးကို သဝန်တိုတာ ဘယ်လိုအရာလေးပဲဖြစ်ဖြစ်။ တစ်ခါတလေ သဝန်တိုလို့ တိုနေမှန်းတောင် မသိဘူး။ သူ ကိုယ့်ကို စကားမပြောတော့ ဘာကို သဝန်တိုနေမှန်း မသိဘူးလေ။ နောက်နေ့မှ အဖြေပေါ်တာ။ ဒါပေမယ့် သရုပ်ဆောင် အလုပ်ကို သူနဲ့ မတွေ့ခင်ကတည်းက နားလိုက်တာပါ။ အရင်ကတည်းကလည်း အဲဒီလို စိတ်ကူးလေးရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ဂီတဘက်မှာပဲ သေချာလေး လုပ်မယ်လို့ စိတ်ကူးထားတယ်” လို့ သူက ဆိုပါတယ်။  

Photo: Wine Su

ဝိုင်းစုခိုင်သိန်းဟာ အောင်လနဲ့ ချစ်သူတွေ ဖြစ်နေကြပြီဆိုတာကို ၂၀၁၈ ခုနှစ်ကတည်းက ပရိသတ်ကို တရားဝင်ပြောပြလိုက်တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ရေးမှာလည်း ဝေဖန်တိုက်ခိုက်သူတွေ အများကြီး ကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ နှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတယ်လို့ ဝိုင်းစုခိုင်သိန်းက အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။ အောင်လ ကြောင့် ပြောင်းလဲသွားတဲ့ စိတ်နေစိတ်ထားတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

သူမဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က