အလှူလုပ်တဲ့သူဟာ ငွေမပျက်ဘူးဆိုတာ အရမ်းမှန်တယ်။

ဖြူဖြူထွေးဟာ စိတ်ရင်း စေတနာနဲ့ ပြုလုပ်တဲ့ အလှူအတန်းတွေကြောင့် အခုလို အောင်မြင်လာတာလို့ ဆိုပါတယ်။ 

Photo: Phyu Phyu Htwe



ဖြူဖြူထွေးကတော့ အခုဆိုရင် ပရိသတ်အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်လို့နေပါပြီ။ စိတ်ရင်း စေတနာထားပြီး လုပ်ခဲ့တဲ့ အလှူအတန်းတွေကြောင့် အခုလို အောင်မြင်လာတာလို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုလိုဖြစ်လာတာက ပြောရမယ်ဆိုရင် အလှူအတန်းလေးတွေလည်း လုပ်လို့ပါ။ အလှူအတန်း လုပ်တယ်ဆိုတာကလည်း အောင်မြင်မှုရဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ့်ရဲ့ စေတနာ၊ သဒ္ဒါတရားလေးတွေ ပေါင်းပြီးတော့ အလှူအတန်းလုပ်ခဲ့တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ် အလှူအတန်းလုပ်တဲ့သူဟာ တကယ် ငွေမပျက်ဘူးဆိုတာ မှန်တယ်” လို့ ဇွန်လ(၁၁) ရက်နေ့က ခန့်စည်သူရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Phyu Phyu Htwe

အလှူအတန်းတွေ လုပ်ရင် ကိုယ့်မှာရှိတဲ့ ငွေကြေးတွေ ကုန်သွားတယ်လို့ မထင်စေချင်ဘူးလို့ လည်း ဖြူဖြူထွေးက ပြောလာပါတယ်။ အခုဆိုရင်တော့ သူမဟာ မိဘနှစ်ပါးကို ရန်ကုန်မှာရော၊ ရွာမှာရော တိုက်ကောင်းကောင်းနဲ့ ထားနိုင်ပါပြီတဲ့။ 

“ တချို့တွေက ထင်ကြတယ် လှူလိုက်ရင် ကုန်သွားပြီလို့ ထင်ကြတာပေါ့။ အမှန်ကတော့ လှူလိုက်လို့ရှိရင် ပိုပြီး ပွားလာတာပါ။ ပွားလာတယ်ဆိုတာကလည်း ကိုယ်ကြိုးစားမှ ရတာပါ။ ပွားလာတာ ဆိုပြီး လှူပဲ လှူမနေကြနဲ့ပေါ့။ ပိုက်ဆံကလည်း စုဖြစ်တယ်။ အိမ်ကတော့ တော်ပါပြီ ရန်ကုန်မှာ တစ်တိုက်၊ ရွာမှာ တစ်တိုက် ဆိုရင် တော်ပြီ။ အိမ်တွေက များနေပြီ။ အခု နှစ်အိမ်တောင်မှ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်နဲ့” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Amazing Grace

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပါပြီ။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်ဆောက်ပေးထားသူလေးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က