သူမ ပုံစံနဲ့ ပြန်ဆိုပါမယ်တဲ့။
Sabal Thwin

Lဆိုင်းဇီကတော့ အဒေါ်ဖြစ်သူ Lခွန်းရီရဲ့ သီချင်းကောင်းတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်လို့ပြောပါတယ်။

Photo: HK

Lဆိုင်းဇီက အောက်တိုဘာလ အတွင်းမှာ သူ့ရဲ့ တစ်ကိုယ်တော်အခွေအသစ် လေးထွက်လာတော့မယ်လို့ဆိုပါတယ်။ ဒီအခွေမှာတေော့ အဒေါ်ဖြစ်သူ Lခွန်းရီရဲ့ သီချင်းတွေကို ပုံစံပြောင်းပြီး သီဆိုမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဆိုင်းဇီ အခု ‘မိုးကောင်းကင် ခရီး’ ဆိုတဲ့ အခွေလေးလုပ်နေပါတယ်။ ၁၀ လပိုင်းလောက် ထွက်ဖြစ်မယ်။ ဒီတစ်ခွေလုံးက ပြန်ဆိုတေးတွေပါ။ ဆိုင်းဇီရဲ့ အဒေါ်အရင်းဖြစ်တဲ့ အန်တီ Lခွန်းရီရဲ့ သီချင်းတွေကို ပြန်ဆိုမှာပါ။ အခုနောက်ပိုင်းကလေးတွေက မသိတော့ဘူးဆိုတော့ ကိုယ့်အဒေါ်သီချင်းလေးတွေ ပျောက်ကွယ်သွားမှာလည်း ကြောက်တယ်။ ဒါကြောင့် အန်တီ Lခွန်းရီ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ဒီခေတ်ပုံစံအတိုင်း ဆိုင်းဇီရဲ့ ပုံစံပြောင်းပြီးတော့ သီဆိုသွားမှာပါ’’ လို့ ဆိုပါတယ်။

Photo: L ဆိုင်းဇီ

အသံအားကောင်းလွန်းလှတဲ့ အဆိုတော် Lခွန်းရီ ရဲ့ သီချင်းတွေ ပြန်ဆိုရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတယ်လို့လည်း Lဆိုင်းဇီက ပြောပါတယ်။

‘’အန်တီ ခွန်းရီတို့၊ အန်တီနွဲ့ယဉ်ဝင်းတို့ဆိုရင် ဆိုင်းဇီ အရမ်းလေးစားရတဲ့ အဆိုတော်တွေဖြစ်တယ်။ အန်တီခွန်းရီသီချင်းကို ပြန်ဆိုရတာလည်း တာဝန်ကြီးတယ်။ တချို့ သီချင်းတွေဆိုရင်သူ့ ကီးက အရမ်းမြင့်တဲ့အတွက် ကီး ကို တစ်ဝက်လောက်ချရတာမျိုးတွေရှိတယ်။ အန်တီ့ကိုတော့ ခွင့်ပြုချက်တောင်းရတာပေါ့နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့က Borochi ဆိုင် ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Lဆိုင်းဇီရဲ့ ဂီတသက်တမ်းကတော့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်ရှိပါပြီ။ သူ့ကိုတော့ ပရိသတ်တွေက ၂၀၀၄ ခုနှစ်လောက် သီချင်းလေးဖြစ်တဲ့ ‘’မိုးရာသီထဲ’’ဆိုတဲ့ သီချင်းလေးနဲ့ စတင်သိရှိလာခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အချစ်သီချင်းလေးတွေနဲ့ အောင်မြင်သူဖြစ်တာကြောင့် တစ်ကိုယ်တော်အခွေတွေဖြစ်တဲ့ အစွဲအလမ်းကြီးသူ၊ ဝေခွဲမရပါလား စတာတွေလည်း ထွက်ရှိပြီးသားဖြစ်ပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ အတွဲ သီချင်းတွေကလည်း အောင်မြင်မှုတွေ ရရှိခဲ့တာတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က