လူကြီးတွေ စကားကို နာခံတတ်ရမယ်။

ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်လာတဲ့ မေတိုးခိုင်ကို အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်က အကြံပြုသင်ပြ၊ ပြောပြတာတွေရှိတယ်လို့ ဆိုပါတယ်။ သူမဟာ အခုဆိုရင် တက်သစ်စအနုပညာရှင်တွေထဲကမှ ပရိသတ်အားပေးမှုများစွာ ရရှိထားသူလေးလည်း ဖြစ်ပါတယ်။

Photo: မေတိုးခိုင်

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ရဲ့ တူမဖြစ်သူ မေတိုးခိုင်ဟာ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမယ် တစ်ယောက်အဖြစ်ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကလည်း အကြံပေးတာတွေရှိတယ်လို့ Duwun Media ကနေပြောပြထားပါတယ်။

‘’ တီအူဝဲကတော့ ညီမကို စိတ်အေးအေးလေး ထားဖို့၊ ရှပ်ပြာ ရှပ်ပြာမလုပ်ဖို့၊ လူကြီးသူမတွေ ဆုံးမတာကို သေချာ နာခံတတ်ဖို့၊ မတ်မတ်လေးလျှောက်ဖို့ ဘေးကနေ သေသေချာချာ အကြံပြုပြောပြပေးနေပါတယ်။ ငယ်ငယ်တုန်းကဆို အကယ်ဒမီပေးပွဲကို ကြည့်နေရရင် ရွှေကြိုတွေကို အရမ်းအားကျခဲ့ရတာလေ၊ လေးလည်းလေးစားတယ်၊ ကျက်သရေလေးတွေလည်း ရှိကြတယ်လေ’’ လို့ သူက ဆိုပါတယ်။

Photo: မေတိုးခိုင်

မေတိုးခိုင်ဟာ အဒေါ်ဖြစ်သူအတွက် အကယ်ဒမီဆုကို ကိုယ်တိုင်ကိုင်ဆောင်ချင်တဲ့ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့်အိန္ဒြာကျော်ဇင်ပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီးကတော့ တစ်ကားသာ အကယ်ဒမီစာရင်းဝင် ဇာတ်ကားစာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။

‘’ ဒီနှစ်ကတော့ တီအူဝဲက တစ်ကားပဲ ပါတယ်ပေါ့နော်။ အရမ်းကြီးတော့ ရင်ခုန်ထားတာမျိူးမရှိပါဘူး။ ရသွားခဲ့ရင်တော့ ကိုယ်ကိုယ်တိုင်ကလည်း ဆုချီးမြှင့်ရမယ်၊ တီဝဲကလည်း ရသွားမယ် ဆိုရင်တော့ ညီမဘဝရဲ့ အမှတ်တရ ကြီးတစ်ခု ဖြစ်သွားမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: မေတိုးခိုင်

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲတုန်းကလည်း ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်ဖို့ စိတ်ကူးခဲ့ဖူးသေးတယ်လို့ မေတိုးခိုင်က ပြောပါတယ်။

‘’ မနှစ်ကတော့ ညီမက ကျောင်းသွားတက်မယ်လို့လည်း ဆုံးဖြတ်ထားတာကြောင့်လည်း ပါတယ်။ ဒီနှစ်မှာတော့ ကျောင်းလည်း မတက်ဖြစ်လိုက်ဘူးဆိုတော့ ဒီနှစ်ထဲမှာ ပါသွားတာပါ’’ လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွှေကြိုမောင်မယ်များ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: မေတိုးခိုင်

မေတိုးခိုင်(May Toe Khine) ကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါအဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ လက်ရှိ မှာ လည်း ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။



က္က