ကရာတေး သင်နေတာပါ။
Sabal Thwin

အိစိကွေးက အခုဆိုရင် ကရာတေး အားကစားကိုလည်း လေ့လာနေတယ်လို့ သိရပါတယ်။ နိုင်ငံအဆင့် ပြိုင်ဖို့အထိတော့ မစဉ်းစားသေးဘူးလို့ဆိုပါတယ်။

Photo: Eisi Kway

သရုပ်ဆောင် အိစိကွေးက အခုချိန်မှာ ဖခင်ဖြစ်သူနဲ့အတူ ကရာတေး ကစားနေတယ်လို့ပြောပါတယ်။ ဒါဟာ ဖခင်ပေးတဲ့ ပညာအမွေတစ်ခုပဲ ဆိုတာကိုလည်း Duwun Media ကနေ ပြောပြခဲ့ပါသေးတယ်။

‘’ ကရာတေးသင်ဖြစ်တာကလည်း ကျွန်တော့်အဖေက မြန်မာနိုင်ငံရဲ့ လက်ရွေးစင်ကရာတေးက စားသမားဖြစ်တယ်။ နိုင်ငံခြားမှာ သွားပြိုင်တုန်းကလည်း ဆုတွေ အများကြီးရခဲ့ဖူးတယ်။ အခုချိန်မှာတော့ လက်ရွေးစင်တွေ မွေးထုတ်ဖို့အတွက် အဖွဲ့အစည်းတစ်ခုပုံစံအနေနဲ့ သင်တန်းလုပ်တဲ့အချိန်မှာ အဖေက ကစားမလားပေါ့။ ကျွန်တော့်အဖေ ၉ နှစ်အရွယ်ကတည်းက ကစားခဲ့တဲ့ ပညာရပ်ဆိုတော့ သူလည်း အဖေတစ်ယောက်အနေနဲ့ သားကို ပညာအမွေ ပေးချင်မှာပဲ။ အဲ့ဒီတော့ ကျွန်တော်လည်း လိုက်ကစားတယ်’’ လို့ သူကဆိုပါတယ်။

Photo: Eisi Kway

အဲဒီနောက် လူတစ်ယောက်က အားကစား တစ်ခုမဟုတ် တစ်ခု လေ့လာသင်ယူသင့်တယ်လို့လည်း အိစိကွေးက ပြောပါတယ်။

‘’ အားကစားတစ်ခုခုကတော့ အမြဲတမ်း လုပ်သင့်တယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်ကျန်းမာရေး အရလည်းကောင်းတယ်။ ကရာတေး ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာလည်းရောက်တယ်။ နိုင်ငံ အဆင့်ထိ ဝင်ပြိုင်ဖို့တော့ စဉ်းစားထားတာမျိုးတော့ မရှိပါဘူး။ ကျွန်တော်လည်း အတွေ့အကြုံ မရှိသေးဘူးဆိုတော့ အများကြီးလိုပါသေးတယ်’’ လို့ ဆိုပါတယ်။

Photo: Eisi Kway

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်တွေကို မျှမျှတတ လုပ်ကိုင်ခဲ့တာတွေလည်းရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က