ဒီနေ့ဆိုရင် ၃ လပြည့်ပြီဖြစ်ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ ပထမဆုံး သားဦးရတနာလေးကတော့ အသက် ၃ လပြည့်ပြီလို့ သိရပါတယ်။ သားလေးကိုတော့ ပိုးအိအိခန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Photo: Poe Ei Ei Khant



သရုပ်ဆောင်ပိုးအိအိခန့်နဲ့ ခင်ပွန်းဖြစ်သူ မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမား အောင်သူတို့ရဲ့ ရင်သွေးလေးကတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ၃ လပြည့်ခဲ့ပြီလို့ သိရပါတယ်။ သားလေးအတွက် ရင်ထဲက စကားတွေနဲ့ မေမေပိုးအိအိခန့်က ဆုတောင်းစကားဆိုထားပါသေးတယ်။

‘’မေမေ့အသည်းနှလုံး ဖေဖေ့အသည်းတစ်တုတ်ကြီး ဒီနေ့ဆို ၃လပြည့်ပါပြီ။ Happy Birthday ပါသားလေးရေ

မေမေ့သားလေး ၃လပြည့်မွေးနေ့ကစပြီး အသက်ရှည်ကျန်းမာ ရိုးဖြောင့်စွာနဲ့ လူတော်လူကောင်း၊ လူလိမ္မာလေး အဖြစ် နိုင်ငံအကျိုး သာသနာအကျိုး၊ ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ပါစေလို့ မေမေတရေးနိုးထ နို့တိုက်ရင်း ဆုတောင်းပေးလိုက်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

ပိုးအိအိခန့်ကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေးကို ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ပိုးအိအိခန့်ရဲ့ ခင်ပွန်းဖြစ်သူ အောင်သူကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြောင်တောင် ယူနိုက်တက် ဘောလုံးအသင်းမှာ ပါဝင်ကစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာလည်း သူတို့မိသားစုဟာ ထိုင်းနိုင်ငံမှာ နေထိုင်တာဖြစ်ပါတယ်။

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။

Photo: Poe Ei Ei Khant

Game ကစားရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကလည်း ဆန်းကြယ်လွန်းပါတယ်။ အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောကျ်ားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ဟာ သူတို့ နှစ်ဦး အတွက် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က