ဒီနေ့မှာ ရက်(၁၀၀) ပြည့်သွားပါပြီ။

အားလုံးက ချစ်စနိုးနဲ့ Jack Jack လို့ ခေါ်ခြင်းခံရတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ သားလေးကတော့ ဒီနေ့မှာ ရက်(၁၀၀) ပြည့်လို့သွားပါပြီ။ ရက်(၁၀၀) အလှူနဲ့အတူ နာမည်ပေး ကင်ပွန်းတပ်အလှူလေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo : Alinn Yaung



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ သားလေး Jack Jack ကတော့ ဒီနေ့(ဇူလိုင်၂၃ရက်)မှာ ရက်(၁၀၀) ပြည့်လို့ သွားပါပြီ။ ဒီနေ့မှာ သားလေးရဲ့ ရက်(၁၀၀) ပြည့်မွေးနေ့အလှူနဲ့ နာမည်ပေး ကင်ပွန်းတပ်အလှူ လေးကိုလည်း ကံ့ကော်မြိုင်ကျောင်းတိုက်မှာ ပြုလုပ်ပေးခဲ့တယ်လို့ နန်းမြတ်ဖြိုးသင်းက ဆိုပါတယ်။ သားလေးရဲ့ မြန်မာနာမည်ကိုတော့ ခွန်ဘုန်းသုဒ္ဓဆိုပြီး ပေးထားသလို ဒီနာမည်လေးကိုလည်း နန်းမြတ်ရဲ့ ဖခင်က စဉ်းစားပြီး ပေးပေးတာလို့ နန်းမြတ်က ပြောပါတယ်။

“ဘုန်းသုဒ္ဓဆိုတဲ့ နာမည်လေးကို နန်းမြတ်ရဲ့ ဖေဖေက စဉ်းစားပြီးပေးပေးဖြစ်တာပါ။ သုဒ္ဓဆိုပြီး ပေးဖြစ်တယ်။ အဓိပ္ပါယ်က ဖြူစင်သော သန့်ရှင်းသော ပါဠိလိုလေး ပေးတာပေ့ါ။ အဲဒါကို မမတို့က သုဒ္ဓလေးရှေ့မှာဘုန်းလေးကို ထပ်ထည့်လိုက်တာ။ ယောကျ်ားလေးဆိုတော့ ဘုန်းဆိုတာလေးနဲ့လည်း လိုက်တယ်လေ။ အဲဒါနဲ့ ဘုန်းသုဒ္ဓဆိုပြီး မှည့်ဖြစ်သွားတာ”လို့ နန်းမြတ်ဖြိုးသင်းက Duwun Media ကို ပြောပါတယ်။

Photo : Alinn Yaung

ရက်(၁၀၀) ပြည့်သွားပြီ ဖြစ်တဲ့ သားလေးရဲ့ ပြောင်းလဲမှုလေးတွေကလည်း နန်းမြတ်အတွက် အသစ်အဆန်းလေးတွေ ဖြစ်လို့နေပါတယ်။

“သားသားရဲ့ ပြောင်းလဲမှုလေးတွေကတော့ နေ့စဉ်နဲ့အမျှပြောင်းလဲနေတာပါပဲ။ အတတ်မြန်တယ်။ အသိမြန်တယ်။ အခုသုံးလက တော်တော်သိ တော်တော်တတ်နေပါပြီ” လို့ သူမက ဆိုပါတယ်။

Photo : Alinn Yaung

နန်းမြတ်ကတော့ အဖေတူ သားလေးကို ပိုင်ဆိုင်ထားတာပါ။ လက်ရှိမှာလည်း သားသားနဲ့အတူတူ ကလေးပစ္စည်းကြော်ငြာတွေရိုက်ဖို့ လာကမ်းလှမ်းတာတွေ ရှိနေပြီလို့ သိရပါတယ်။

“သားသားနဲ့ ကြော်ငြာတွေရိုက်ဖို့ လာပြောနေကြပြီ။ အစပိုင်းကတော့ သားသားက ငယ်သေးတော့ သူတို့တွေကိုလည်း အားနာနာနဲ့ စောင့်ခိုင်းရတာ။ ရိုက်မယ့် သူတွေကလည်း စောင့်ပေးကြပါတယ်။ အခု ရက် ၁၀၀ လည်း ပြည့်ပြီဆိုတော့ ရိုက်ရင်ကောင်းမလားဆိုပြီး စဉ်းစားနေတာ” ဆိုပြီး နန်းမြတ်က ပြောပါတယ်။

Photo : Alinn Yaung

နန်းမြတ်ဖြိုးသင်းကတော့ သူမကိုသာမက သားသားကိုပါ ချစ်ပေးတဲ့ ပရိသတ်ကြီးတွေကို အရမ်းကို ကျေးဇူးတင်လို့နေပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။နန်းမြတ်ဖြိုးသင်းဟာ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo : Alinn Yaung

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင် လောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က