ဖခင်တစ်ယောက်ရဲ့ ဆန္ဒတွေကို ပြောပြလာပါတယ်။

နေထက်လင်းက သားဖြစ်သူ ထက်လင်းအောင်ကို သရုပ်ဆောင်နေတိုးလို စွယ်စုံရမင်းသားတစ်ယောက် ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ သားလေးရဲ့ အနုပညာအပေါ် သူဖြစ်စေချင်တဲ့ ဆန္ဒတွေ ပြောပြလာပါတယ်။

Photo: Su Dar Li

သရုပ်ဆောင် နေထက်လင်းက သားဖြစ်သူ ထက်လင်းအောင် ရဲ့ အနုပညာနဲ့ပတ်သက်ပြီး ဖခင်တစ်ယောက်ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။ သားကိုတော့ သရုပ်ဆောင်နေတိုး လိုု စွယ်စုံရ မင်းသားတစ်ယောက် ဖြစ်စေချင်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ကျွန်တော့် သားကို ကျွန်တော့်လို အက်ရှင်မင်းသား မဖြစ်စေချင်ဘူး။ အနု၊ အရွ ၊ အငို စွယ်စုံရတဲ့ ကိုနေတိုးတို့လို မင်းသားတစ်ယောက်ဖြစ်စေချင်တယ်။ ဆေးမှင်ကြောင်တွေတော့ ထိုးခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒါမျိုးကို ကျွန်တော်လည်း မကြိုက်ဘူး၊ ထိုးလည်း မထိုးဘူး’’ လို့ သူကဆိုပါတယ်။

Photo: Htet Lin Aung

အဲဒီနောက် ဘာသာတရားကို ကိုင်းရှိုင်းတတ်တဲ့ သားလေးအကြောင်းလည်း ပြောပြလာပါတယ်။ နေထက်လင်း ကိုယ်တိုင်ကလည်း သားကို အမြဲမပြတ် ဆုံးမစကားဆိုလေ့ရှိတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

‘’အဖေကိုတော့ လေးစားတယ်၊ အမေကိုလည်း ရိုသေပါတယ်။ အနန္တောအနန္တ ၅ ပါးကို စော်ကားရင်ဘာမှ ဖြစ်လာမှမဟုတ်ဘူး။ ထိပ်ဆုံးကို ရောက်လာမှာ မဟုတ်ဘူး။ အဲဒီအတွက် မစော်ကားနဲ့။ ခင်ပွန်းကြီး ၁၀ ပါးကို မစော်ကားနဲ့။ တစ်လုတ်စားဖူးခဲ့တဲ့ ကျေးဇူးရှင်ကို မစော်ကားနဲ့ အဲဒီလို အမြဲတမ်း ဆုံးမဖြစ်တယ်’’ လို့ ဆိုပါတယ်။

Photo: Su Dar Li

နေထက်လင်းက သားဖြစ်သူ ထက်လင်းအောင်ကိုလည်း ပရိသတ်တွေက အားပေးကြဖို့ တောင်းဆိုစကားပြောခဲ့ပါသေးတယ်။ သူကိုယ်တိုင်ကလည်း သားကို လမ်းမှား မရောက်အောင် ဆုံးမသွားမယ်လို့ ဆိုပါတယ်။

‘’ ကလေးက အခုမှ ပန်းခင်းထဲကို လွှတ်လိုက်တယ်။ လမ်းလျှောက်တတ်ကာစ အရွယ်ပဲ ရှိသေးတယ်။ အဲဒီအရွယ်လေးကိုတော့ မဖဲ့ကြပါနဲ့။ ဝေဖန်တာကိုတော့ လက်ခံပါတယ်။ တစ်နေ့ကျရင် နိုင်ငံအတွက် ကောင်းတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာအောင် ဘာသာတရားရော၊ လူတွေအပေါ်မှာရော မေတ္တာ စေတနာထားတတ်တဲ့ ယောကျ်ားကောင်းတစ်ယောက်ဖြစ်အောင် သွန်သင်ဆုံးမ သွားမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htet Lin Aung

နေထက်လင်းက အခုဆိုရင် သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်လာတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို စိစစ်ရွေးချယ်ပြီးတော့ ရိုက်ကူးနေတာဖြစ်ပါတယ်။ သူ့ရဲ့ သားဖြစ်သူ ထက်လင်းအောင်ကတော့ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်သွားမှာပါ။



က္က