သားပုံကို တက်တူးထိုးဦးမှာတဲ့။

မြင့်မြတ်က သြဂုတ်လ(၇) ရက်နေ့မှာ သူတို့ရဲ့ ဘဝထဲကို ရောက်ရှိတော့မယ့် သားလေးရဲ့ မျက်နှာကို အရမ်းတွေ့ချင်နေပြီ တဲ့။မကြာခင် နာရီပိုင်း လောက်မှာ သူ့ရဲ့ ဘဝထဲ ရောက်ရှိတော့မယ့် သားလေးရဲ့ ပုံကိုလည်း တက်တူးထိုးဖို့ စဉ်းစားထား တယ်လို့ ဆိုပါတယ်။ သားလေး ပုံကို တက်တူးထိုးဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်လို့ မြင့်မြတ် က ဆိုပါတယ်။



 

သရုပ်ဆောင်မြင့်မြတ်က သားလေးရဲ့ မျက်နှာကို အရမ်းတွေ့ချင်နေပြီတဲ့။မြင့်မြတ်ဟာ သားလေးကို သူနဲ့ မွေးနေ့ချင်းတူအောင် ဇနီးဖြစ်သူ ကို ဗိုက်ခွဲမွေးစေခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ မွေးမယ့် သားလေးအတွက် အရမ်းလည်း ရင်ခုန်နေပြီလို့ သူက ဆိုပါတယ်။

"မွေးနေ့မှာ သေချာတာကတော့ မနက်ဖြန် ကလေးမွေးပြီလေ။ ဆိုတော့ ကလေးမွေးဖို့က ပိုအရေးကြီးတယ်။ကျွန်တော့်မွေးနေ့နဲ့ တူတဲ့ သားလေးကို လိုချင်တာကတော့ သေချာတာက ကျွန်တော့်လိုမျိုး ဆိုးတဲ့တစ်ယောက်ပေ့ါ။ သားလေးကို အရမ်းလည်း တွေ့ချင်နေပြီ။ ရင်လည်း ရင်ခုန်နေပါတယ်"ဆိုပြီး သြဂုတ်လ(၆) ရက်နေ့က Story Book Studio မှာ ပြုလုပ်ခဲ့တဲ့ မွေးနေ့အကြိုပွဲမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo : မြင့်မြတ် FB

 

မကြာခင် နာရီပိုင်းလောက်မှာ သူ့ရဲ့ ဘဝထဲ ရောက်ရှိတော့မယ့် သားလေးရဲ့ ပုံကိုလည်း တက်တူးထိုးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ သားလေးပုံကို တက်တူးထိုးဖို့ကိုလည်း ညာဘက်ချိုင်းအောက်မှာ ထိုးဖို့ နေရာချန်ထားတယ်လို့ မြင့်မြတ်က ဆိုပါတယ်။ သားလေးကို သြဂုတ် လ( ၇) ရက်နေ့ မြင့်မြတ်ရဲ့ မွေးနေ့မှာ ရန်ကုန်မြို့ ဝိတိုရီယဆေးရုံမှာ မနက်(၉)နာရီနဲ့ (၁၀)ကြားတွင် ခွဲမွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြင့်မြတ်ဟာ အချိန်ရရင် ရသလို ဇနီးဖြစ်သူနဲ့ သားလေးရဲ့ ရှေ့ရေးလေးတွေ တိုင်ပင်ဖြစ်တယ်တဲ့။ သူ့ကို ဘယ်လိုဖြစ်ဖြစ် အားပေးနေကြတဲ့ ပရိသတ်ကိုလည်း မကြာခင် မွေးလာတော့မယ့် သားလေးကိုလည်း ချစ်ပေးကြဖို့ တောင်းဆိုထားပါသေးတယ်။

Photo : မြင့်မြတ် FB

ရွှေမှုံရတီအတွက် မြင့်မြတ်က ဘယ်လိုဆရာမျိုး ဖြစ်မလဲ 

"ကလေးရှေ့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အချိန်ရရင် ရသလို တိုင်ပင်ဖြစ်ကြတယ်။အကောင်းဆုံးဖြစ်အောင်ပေ့ါ။ ကံကောင်းတာ လား ဘာလားတော့မသိဘူး။ သူကျွန်တော်တို့ ဘဝထဲရောက်လာပြီဆိုရင် ကိုယ်ဖြစ်ချင်တာထက် သူဘာဖြစ်ချင်လဲ ဆိုတဲ့အပေါ်မှာ အကောင်း ဆုံးဖြစ် အောင်လုပ်ပေးသွားမှာပါ။ကျွန်တော်မိန်းမယူလည်း ကျွန်တော့်မိန်းမကို အားလုံးဝိုင်းချစ်ပေးကြတယ်။ ခင်ကြတယ်။ ကျွန်တော့် သားလေး မွေးလာတဲ့ အချိန်ကြရင်လည်း သူ့ကို ဝိုင်းပြီးချစ်ပေးခင်ပေးကြ ပါဦးလို့ ပြောချင်ပါတယ်" ဆိုပြီး Duwun Media ရဲ့ ယခင်က အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

သြဂုတ်လ(၇) ရက်နေ့မှာ ကျရောက်မယ့် မြင့်မြတ်ရဲ့  မွေးနေ့အတွက်ကိုလည်း သူ့ရဲ့ Fan တွေက သြဂုတ်လ(၆) ရက်နေ့ မနက်က နေတိုးရဲ့ Story Book Studio မှာ မွေးနေ့အကြိုပွဲလေး ပြုလုပ်ပေးခဲ့ပါသေးတယ်။

မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အောင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က