သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ပိုင်ဆိုင်ခွင့်ရလိုက်ပါပြီ။

မင်းရာဇာရဲ့ ဇနီးချောလေးက ဒီနေ့(မတ်လ ၁၉)ရက်နေ့ မနက်မှာ ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။ သားယောကျ်ားလေးလည်းဖြစ်တာကြောင့် မင်းရာဇာကတော့ အရမ်းကိုပျော်နေတာ တွေ့ရပါတယ်။

Photo: Min Yarzar

သရုပ်ဆောင် မင်းရာဇာရဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့် ကတော့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဒုတိယမြောက်ရင် သွေးဖြစ်တဲ့ သားလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပြီလို့ မင်းရာဇာက Duwun Media ကို ပြောပြလာပါတယ်။ မိခင်ရောကလေးပါ ကျန်းမာပါတယ်တဲ့။

‘’သားကိုတော့ ဒီနေ့မနက် ၆ နာရီ ၁၃ မိနစ်မှာ မွေးတယ်။ ပေါင်ကတော့ ၇ ပေါင်နဲ့ ၆ အောင်စရှိတယ်။ Women Center မှာ မွေးတာပါ။ သားရော အမေရော နှစ်ယောက်စလုံးက ကျန်းကျန်းမာမာရှိကြပါတယ်။ သားလေးက ထွက်လာကတည်းက အသားလည်းဖြူတယ်။ အခုတော့ ချိုချိုစို့နေတယ်’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Min Yarzar

အဲဒီနောက် သားလေးကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့ မင်းရာဇာက သူ့ရင်ထဲက စကားသံကိုလည်း အခုလို ဖွင့်ဟခဲ့ပါသေးတယ်။ သားလေး ကြောင့်လည်း အရမ်းကိုပျော်ရွှင်နေပါတယ်တဲ့။

‘’သားလေးကို ထွက်ထွက်လာချင်း တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းဝမ်းသာပါတယ်။ သားလေးက အစ်ကို့ထက် အသားဖြူတယ်။ သမီးထက်လည်း အသားဖြူမယ်ထင်တယ်။ အသားဖွေးတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ဆိုတော့ ရင်ထဲမှာတော့ တော်တော်လေး ကြည်နူးမိတယ်။ အရမ်းလည်း ပျော်နေပါတယ်’’ လို့ ဆိုပါတယ်။

Photo: Min Yarzar

သမီးကြီးဖြစ်သူ သစ်သစ်မင်းရာဇာကလည်း မောင်ငယ်လေးကို အရမ်းချစ်တယ်လို့ မင်းရာဇာက ပြောပါတယ်။ သားလေးအတွက် နာမည်ကိုတော့ စဉ်းစားဦးမယ်လို့ ဆိုပါတယ်။

‘’ သားလေးအတွက် နာမည်ကိုတော့ အစ်ကို သေချာလေး စဉ်းစားဦးမယ်။ သမီးလေးကတော့ သူ့မောင်လေးကို ကြည့်နေတာပဲ။ မောင်မောင်လေးရေ… မောင်မောင်လေးရေနဲ့ တစ်ချိန်လုံး အနားကပ်နေတာပဲ။ ဂုဏ်ပြုပေးကြတဲ့ အနုပညာညီအစ်ကို မောင်နှမတွေရော၊ မွေးဖွားရအဆင်ပြေအောင် ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။






Photo: Min Yarzar

အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။



က္က