နို့ဘီလူး ရုပ်ရှင်ထွေလာကိုကြည့်ခဲ့ပါတယ်တဲ့။

ဂွမ်းပုံလေးကတော့ ‘’နို့ဘီလူး’’ရုပ်ရှင်ကားကြီးထဲက အဘွားဒေါ်မြတ်မွန်ရဲ့ သရုပ်ဆောင်မှုတွေအပေါ် အရမ်းနှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ အကယ်ဒမီ ရစေချင်တယ်လို့လည်း ပြောပြလာပါတယ်။

Photo: နို့ဘီလူး

ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် ဂွမ်းပုံလေးက ‘’နို့ဘီလူး’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး အမေဒေါ်မြတ်မွန်ရဲ့ ဇာတ်ဝင်ခန်းဟာ သူမအတွက်တော့ ရင်ထဲထိအောင် ခံစားခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဖေ့စ်ဘွတ်ကနေပြီးတော့ ထွေလာလေး ကြည့်လိုက်ရတဲ့အချိန်မှာ အမေဒေါ်မြတ်မွန်ကြီးက သားတစ်ယောက်အတွက် မိခင်မေတ္တာကြီးကို အရမ်းဖော်ကျူးနိုင်တယ်။ အမေ့မျက်နှာလေးကိုက တကယ်ကို ရင်ထဲမှာ ဆို့ဆို့နင့်နင့်နဲ့ မိခင်မေတ္တာကို ဖော်ကျူးနိုင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: ဂွမ်းပုံလေး

အမေဒေါ်မြတ်မွန်ဟာ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နို့ဘီလူးအစွဲရှိတဲ့ မိခင်တစ်ယောက်၊ သားဖြစ်သူကို အရမ်းချစ်တဲ့ အမေတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။ ဒီကာရိုက်တာအတွက်ကိုလည်း အကယ်ဒမီဆု ရစေချင်တယ်လို့ ဂွမ်းပုံလေးက သူမရဲ့ ဆန္ဒကို ဖွင့်ဟပြောပြလာပါတယ်။

‘’ အမေဒေါ်မြတ်မွန်ကြီးကို အကယ်ဒမီတစ်ဆုကနေပြီးတော့ နောက်တစ်ဆင့် ထပ်ဆင့်အကယ်ဒမီဆုရှင်အဖြစ် အမေ့ကိုလည်း မြင်ချင်ပါတယ်’’ လို့ မတ်လ ၂၆ ရက်နေ့ညက ‘’နို့ဘီလူး’’ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။  အမေ ဒေါ်မြတ်မွန်ဟာ ၁၉၅၉ ခုနှစ်က ''ကကြီးရေက''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo: ဂွမ်းပုံလေး

နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မတ်လ ၂၉ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးထားတာပါ။ နို့ဘီလူးရုပ်ရှင်ကားကြီးထဲမှာတော့ အဘွားဒေါ်မြတ်မွန် နဲ့ အတူ လူမင်း၊ ဇေရဲထက် နဲ့ ရွှေမှုံရတီတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: ဂွမ်းပုံလေး

တက္ကသိုလ်ဂွမ်းပုံလေးဟာ ‘’ဤအရာကို အချစ်ဟုခေါ်သလား’’ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ အနှစ် ၂၀ ကျော်ရှိပါပြီ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။



က္က