သူက ကျွန်တော့်ကို ၃ နှစ် ၃ မိုးထက်မက စိတ်ပူပေးခဲ့တဲ့ အမေပါ။

မိုးအောင်ရင်က သူ့ကို သားအရင်းတစ်ယောက်လို ချစ်တဲ့ အမေမွှေးအတွက် ဂုဏ်ယူရမယ့်သားဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ အမေမွှေးကိုလည်း သူ့ရဲ့ အမေအရင်းတစ်ယောက်လို သဘောထားတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Moe Aung Yin



မိုးအောင်ရင်ကတော့ အကယ်ဒမီ မို့မို့မြင့်အောင်လို့ ခေါ်တဲ့ အမေမွှေးရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြလာပါတယ်။ သူ့ကိုလည်း မိဘအရင်းနဲ့မခြား စောင့်ရှောက်လာခဲ့သူဖြစ်တဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူလည်း ကျွန်တော့် မိဘတွေလိုပဲ ၃ နှစ် ၃ မိုးစလုံး ကျွန်တော့်အတွက် စိတ်ပူခဲ့ရတယ်။ အဲဒါတင်မကပဲ အဖေတို့ နိုင်ငံခြားမှာရောက်နေပြီးတော့ ကျွန်တော်ပျက်စီးနေပြီလို့ စပြီးသိလိုက်ရတဲ့အချိန်မှာ သူက ကျွန်တော်နဲ့တွေ့၊ ပြီးတော့ အဖေတို့ဆီဖုန်းဆက် နင်တို့ပြန်လာမှရမယ် နင်တို့သားက ဒီမှာပျက်စီးနေပြီ ပြန်မလာသေးဘူးလားပေါ့။ အဖေ တို့ကလည်း ပြန်လာလို့မရသေးဘူး။ သူကလည်း တကယ့်အမေ မဟုတ်တဲ့အတွက် အိမ်ပေါ်ခေါ်တင်ထားဖို့ကလည်း အဆင်မပြေပြန်ဘူး’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Moht Moht Mynt Aung

အဲဒီနောက် အမေမွှေးရဲ့ မေတ္တာစေတနာတွေကိုလည်း အခုချိန်မှာ သူ အမှန်တွေ မြင်တတ်လာပြီလို့ မိုးအောင်ရင်က ပြောပါတယ်။ အမေ့အတွက် ဂုဏ်ယူရတဲ့သားဖြစ်အောင် ကြိုးစားမယ်လို့လည်း သူက ဆိုပါတယ်။

‘’ အမေမွှေးက ကိုယ့်အပေါ် ဂရုတစိုက်ရှိတယ်ဆိုတော့ ကျွန်တော်လည်း ဂရုဏာသက်ပြီး စိတ်ထဲမှာ မကောင်းဘူး။ အခုတော့ အဲဒီလို ပူခဲ့ရတဲ့ အပူတွေကို အခု ဘာနဲ့ ပြန်ပြီး ကျေးဇူးဆပ်ချင်သလဲဆိုတော့ အဖေ တို့ကို ပြောခဲ့တဲ့အတိုင်းပဲ သူ့စိတ်ပူမှုတွေ မရှိတော့အောင် ကျွန်တော်ကို ကြည့်ပြီးတော့ သူ ဂုဏ်ယူနေရအောင် ကျွန်တော် ကြိုးစားချင်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Moe Aung Yin

အကယ်ဒမီမို့မို့မြင့်အောင် ကိုယ်တိုင်ကလည်း မိုးအောင်ရင်ကို သားအရင်းတစ်ယောက်လို ချစ်ခဲ့၊ ဆုံးမသွန်သင်ခဲ့ဖူးတာတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် အမေမွှေးက သံယောဇဉ်ကြီးသူ တစ်ယောက်ဖြစ်တယ်လို့ မိုးအောင်ရင်က ပြောပါတယ်။

‘’ အမေမွှေးက ကျွန်တော့်အပေါ်မှာ သံယောဇဉ်အရမ်းကြီးတယ်။ သူကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မမွေးရပေမယ့် သူ့ရဲ့ အနုပညာဝမ်းနဲ့ လွယ်ပြီးမွေးထားတဲ့ အမေပါ။ ကျွန်တော့်မှာရှိတဲ့ အမေမွှေးရဲ့ ဖုန်းနံပတ်ကိုတောင် အမေမွှေးလို့ မမှတ်ဘူး ‘’Mom(အမေ)’’ လို့ မှတ်ထားတာ။ သူ့အပေါ်ကို ကျွန်တော့်အမေတစ်ယောက်လို သဘောထားတယ်’’ လို့ ဆိုပါတယ်။

Photo: Moht Moht Myint Aung

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။ မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ့ကိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။



Share

Loading Next Article...
က္က