ကြားထဲက အဆင်ပြေအောင် ကြိုးစားပေးခဲ့သူလေး။

အမေနဲ့အမတို့ ဆက်ဆံရေး ပြန်အဆင်ပြေသွားတာကြောင့် ညီမဖြစ်သူ ငွေမှုံရတီလေးဟာလည်း ပျော်မဆုံး ဖြစ်လို့နေပါတယ်။အရင်လို မိသားစု ဂယက်လေးတွေ ပြန်ထလို့ရပြီလို့ ဆိုပါတယ်။

 

Photo : ငွေမှုံရတီ

ရွှေမှုံရတီတို့ ဇနီးမောင်နှံက လက်ရှိမှာ မိခင်ဖြစ်သူနဲ့ ပြန်အဆင်ပြေသွားကြပါပြီ။ အခုချိန်မှာတော့ အမဖြစ်သူ ရွှေမှုံရတီနဲ့ မိခင်တို့ ပြန်လည်အဆင်ပြေ သွားပြီဖြစ်လို့ ငွေမှုံတစ်ယောက် အရမ်းကို ပျော်နေပါတယ်။

“ဒီလိုအခြေအနေပြန်ရောက်သွားတာ အရမ်းပျော်ပါတယ်။ အဆင်ပြေသွားတော့လည်း ပိုပြီးကောင်းသွားတာပေ့ါ။ မိသားစု စုံစုံလင်လင်လေး ပြန်ဖြစ်သွားတယ်။ အရင်တုန်းကလို ဂယက်တွေ ပြန်ထလို့ရပြီတော့ သားအမိတွေကြား အဲ့ဒါလေးကတော့ လွမ်းစရာမလိုတော့ဘူး ပြန်မြင်ရတော့မှာဆိုတော့လေ ပျော်တယ်” လို့ မတ်လ(၂၆) ရက်နေ့ကပြုလုပ်တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား Red Carpet မှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာပါ။

 

Photo : ငွေမှုံရတီ

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသက်(၁၈) နှစ် ပြည့်သွားတဲ့ ငွေမှုံရတီက မိခင်အပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဆက်ဆံသူ ဖြစ်ပါတယ်။ မိခင်နဲ့သူမကြား လျှို့ဝှက်ချက်တွေ ထားတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

“ညီမက အမေ့နဲ့အကုန်လုံးတိုင်ပင်ဖြစ်တယ်။ ညီမဆီမှာ လိျှု့ဝှက်ထားတာမျိုးမရှိဘူး။ ရည်းစားထားတာက အစ အမေ့ကို အကုန်ပြောပြတယ်”လို့  သူမက ဆိုပါတယ်။

Photo : amazing grace

ရွှေမှုံရတီရဲ့ ညီမလေး ငွေမှုံရတီက လက်ရှိမှာ မိခင်နဲ့အတူ နေထိုင်နေပြီး ဇာတ်ကားရိုက်ကူးမှုတွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ငွေမှုံရတီလေး ကလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပြီး တစ်မျိုး ချစ်စရာကောင်းတဲ့သူလည်း ဖြစ်ပါတယ်။ သူမက ခန္ဓာကိုယ်ထွားတာေ ကြာင့် အရင်ကဆို ညီမနှစ်ယောက်မှာ သူမကို အကြီးမလို့တောင် ထင်ကြပါတယ်။

ငွေမှုံဟာလည်း အနုပညာကို ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် သရုပ်ဆောင်ပိုင်းမှာ နေရာတစ်နေရာ ရရှိအောင် ကြိုးစားနေသူပါ။ ငွေမှုံရတီကတော့ လက်ရှိမှာ ပညာရေးနဲ့ အနုပညာကို တွဲဖက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးနေရပြီး ပရိသတ်တွေအသိ အမှတ်ပြု အားပေးနေတဲ့ သရုပ်ဆောင်သစ်တစ်ယောက်လည်း ဖြစ်ပါတယ်။



က္က