Covid မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလာပါတယ်။

သိန်းလင်းစိုးကတော့ Covid ကာလမှာ ဖြတ်သန်းနေရတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို မျှဝေလာပါတယ်။ 

Photo: Thein Lin Soe



အဆိုတော် သိန်းလင်းစိုးကတော့ Covid ကာလမှာ အလုပ်တွေ ရပ်နားထားရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ပိုက်ဆံကိုလည်း ခြွေခြွေတာတာ သုံးနေရတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ Covid First Week မတိုင်ခင်တုန်းက အလုပ်လေး တစ်ခုလောက် လုပ်မယ်ဆိုပြီးတော့ လိုက်စုံစမ်းဖြစ်သေးတယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် တွေဝေပြီးတော့ မလုပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ Covid က ဖြစ်ရော။ Covid ဒုတိယလှိုင်းကလည်း ပိုဆိုးလာတော့ အကောင်အထည် မဖော်ဖြစ်ဘူး။ လက်ထဲမှာ စုမိ ဆောင်းမိထားတာတွေကလည်း ကုန်ပြီလေ။အခုချိန်မှာ ပိုက်ဆံတွေ အရမ်းမသုံးနဲ့ မလိုအပ်တာတွေ မသုံးနဲ့နည်းနည်းပါးပါး ခြိုးခြံချွေတာပြီးတော့ စား။ ဟိုပစ္စည်းဝယ်၊ ဒီပစ္စည်းဝယ် မလုပ်ပဲနဲ့ ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်းလေး ဆင်ဆင်ခြင်ခြင်နေရတာပေါ့”လို့ သူကဆိုပါတယ်။ 

Photo: Thein Lin Soe

သိန်းလင်းစိုးဟာ ခြေထောက်ဒဏ်ရာကြောင့် အနုပညာအလုပ်တွေ နားထားရတယ်လို့ သိရပါတယ်။ အဲဒီနောက် Covid ကာလနဲ့ ကြုံခဲ့ရတဲ့ အချိန်မှာ အနုပညာအလုပ်တွေကို လုပ်ခွင့်ရတာလေးတွေပဲ လုပ်ဖြစ်တော့တယ်လို့ သူက ဆိုပါတယ်။ 

“ ခြေထောက်ကျိုးတာနဲ့ Covid ဖြစ်တာနဲ့ဆိုရင် (၂) နှစ် နီးပါးလောက်ဖြစ်သွားတယ်။ လောလောဆယ်တော့ အဖေ၊ အမေက ထမင်းကျွေးထားတော့ ထမင်း မငတ်သေးပါဘူး။ အွန်လိုင်းကနေ ရတဲ့ အလုပ်လေး လုပ်လိုက်နဲ့ ကော်ဖီဖိုးလေးတော့ ရနေပါသေးတယ်။ ခြေထောက်ကျိုးသွားလို့ စိတ်ဓာတ်မကျပါဘူး။ အလုပ်တွေ လက်ခံထားပြီးတော့မှ အလုပ်လုပ်ခွင့်ရတဲ့ အချိန် ကျတော့မှ အလုပ်တွေ မလုပ်ရတော့ စိတ်ဓာတ်ကျမိတယ်။ ခြေထောက်ကျိုးတာက အချိန်တန် ပြန်ကောင်းလာမှာပဲလေ။ ” ဆက်လက် ပြောပြလာပါတယ်။ 

Photo: Thein Lin Soe

သိန်းလင်းစိုးကိုတော့ ပရိသတ်တွေက အဆိုတော်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးရင်း ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က