အဖေ့လို လူမျိုးက ရှားသွားပြီ။
Ei Ei Myat

သင်ဇာဝင့်ကျော်က ဖခင်ရဲ့ အရည်အချင်းတွေကို ဖွင့်ပြောပြလာတာဖြစ်ပါတယ်။ ဖခင်အစား အရမ်းဂုဏ်ယူမိတယ်တဲ့။

သင်ဇာဝင့်ကျော်က သူ့ဘဝအတွက် လက်တွဲဖော်ကို ရွေးချယ်ရမယ်ဆိုရင် ဖခင်နဲ့တူတဲ့ ယောက်ျားမျိုးကို ရွေးချယ်သွားချင်တယ်လို့ ဆိုပါတယ်။ ဖခင်ဟာ သူမရဲ့ မိခင်အပေါ်ကိုလည်းအရမ်းကို သစ္စာရှိတဲ့ ယောက်ျားတစ်ယောက်သလို အရည်အချင်းရှိတဲ့ ဖခင်တစ်ယောက်ဖြစ်တယ်လို့ သူမက ပြောပြပါတယ်။

 “ကိုယ့်အဖေက လူရည်ချွန်ဆု ၂ခါရဖူးတယ်။အဲ့ဒါလေးဂုဏ်ယူလို့ဖေ့စ်ဘွတ်မှာတင်ဖြစ်တာပါ။ ဒီဘက်ခေတ်မှာ အဲ့ဒီလိုယောက်ျားလေးမျိုးက ရှားသွားပီလေအဖေက အရည်အချင်းရှိတယ်။ ဥစ္စာတော့မပေ့ါဘူး ။ရုပ်ချောတဲ့အရည်အချင်းရှိတယ်။အဲဒီလိုယောက်ျားမျိုးက ရှားသွားပြီ။ သင့်ဇာအမေကိုလည်း သစ္စာရှိရှိနဲ့ တစ်သက်လုံး လက်တွဲ လာတဲ့ယောက်ျားဖြစ်တယ်၊ ကိုယ့်အဖေအစားအရမ်းဂုဏ်ယူတယ်” ဆိုပြီး နိုဝင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ သန်းခေါင်ယံ press show န့က မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ဖခင်၊ photo - သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးကလည်း ပရိသိတ်တွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုပါ။ လက်ရှိမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အားလုံးက သိချင်နေကြပေမယ့်လည်း သူမကတော့အလုပ်တွေကိုပဲ အာရုံစိုက်ပြီး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ မကြာခင်မှာလည်း “The Travellers” ဆိုတဲ့ TV Program အတွက် ဥရောပ နိုင်ငံတွေကို သရုပ်ဆောင် တိုင်ရွန်နဲ့အတူ ခရီးထွက်ရဦးမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကတော့ သူမအတွက် ပထမဆုံး ဥရောပနိုင်ငံကို သွားရောက်လည်ပတ်ရမှာ ဖြစ်ပါတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဥရောပနိုင်ငံတွေထဲကမှ Turkey ၊ Georgia ၊ Armenia ၊ Azerbaijan စတဲ့ နေရာတွေကို သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။




က္က