ဟာသသရုပ်ဆောင် အောင်သော်ရဲ့ သမီးကြီးဖြစ်ပါတယ်။

အောင်သော်(Five Stars လူရွှင်တော်အဖွဲ့) ရဲ့ သမီးဖြစ်သူ ဂျူးဂျူးသော် ကတော့ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ ဖခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်လို့ ဆိုပါတယ်။ 

ဟာသသရုပ်ဆောင် အောင်သော်ရဲ့ သမီးဖြစ်သူ ဂျူးဂျူးသော်ကလည်း အနုပညာအလုပ်တွေ လုပ်တော့မယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ်တွေကို အားပေးရင်း ကိုယ်တိုင်လည်း ကြိုးစားချင်စိတ်တွေဖြစ်ခဲ့တယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 



“ အဖေ့ရှုတင်တွေလည်း ခဏခဏလိုက်ဖြစ်ပါတယ်။ အဖေ့ ရှုတင်လိုက်တာ များသွားလို့ သရုပ်ဆောင်လုပ်ချင်စိတ်တွေ ဖြစ်လာတာနေမယ်။ အဖေတို့ရိုက်နေရင် ကိုယ်က ဘေးကနေကြည့်ပြီးတော့ Mood တွေ ဝင်ပြီး သူတို့ပြောတဲ့ စကားတိုင်းကို ကိုယ်က ခေါင်းလေး တညိမ့်ညိမ့်နဲ့ ဖြစ်နေရော။" ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြိုလူတွေ့စစ်ဆေးခြင်း နေ့မှာ ဖြေဆိုခဲ့တာပါ။ 

Photo: Ju Ju Thaw

ဂျူးဂျူးသော်ဟာ အနုပညာအလုပ်လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာကလည်း ဖခင်ဖြစ်သူရဲ့ အားပေးမှုကြောင့်ပဲလို့ဆိုပါတယ်။ ဇွဲမလျှော့ပဲ အလုပ်ကို ကြိုးစားသွားမယ်လို့ သူက ပြောပါတယ်။ 

“ အဖေက အနုပညာအလုပ်လုပ်မယ်ဆိုရင် တစိုက်မတ်မတ် လုပ်စေချင်တယ်။ တစ်ဝက်တစ်ပြတ်နဲ့ ဘယ်တော့မှ ပြန်မလှည့်နဲ့လို့ပြောတယ်။ အခုက ဖေဖေ့ကို ကတိတွေအများကြီး ပေးခဲ့တယ်။ လုပ်မယ်ဆိုလည်း အတည်တကျ လုပ်ပါ့မယ်။ အရင်တုန်းကတော့ ဒီအလုပ်လုပ်ဖို့ စိတ်ထဲမှာ မပြတ်မသားဖြစ်ရတယ်။ ဒီအလုပ်ကို ငါ လုပ်နိုင်ရဲ့လား ဆိုတာကိုလည်း သေသေချာချာလေး စဉ်းစားခဲ့ရပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဂျူးဂျူးသော်ဟာ လူရွှင်တော်၊ ဟာသသရုပ်ဆောင် အောင်သော်ရဲ့ အနုပညာမျိုးဆက်သစ် တစ်ဦးဖြစ်လို့လာပါပြီ။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အခုမှ စတင်ဆောင်ရွက်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိတာတွေရှိတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ အောင်သော်ကိုတော့ ပရိသတ်တွေက Five Star လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က