သား နှစ်ယောက်ပိုင်ဆိုင်ထားတဲ့ မေမေပါ။

မေသဉ္ဇာဦးက သားလေးတွေရဲ့ အိမ်ထောင်ရေးအပေါ် လွတ်လပ်ခွင့် အပြည့်ပေးထားတယ်လို့ ဆိုပါတယ်။ သူဟာ ရုပ်ရှင်တွေထဲကလို နှလုံးရောဂါရှိတဲ့ မေမေ မဟုတ်ဘူးလို့ စနောက်ရင်းပြောပြလာပါတယ်။

Photo: Min Thu Paing



သရုပ်ဆောင် မေသဉ္ဇာဦးက သားနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ မေမေ ဖြစ်ပါတယ်။ ဒါကြောင့် သားတွေရဲ့ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့လည်း မိခင်တစ်ယောက်အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုယ့်တုန်းကလည်း ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်လာတာလေ။ ကိုယ့်ဘဝခရီးလမ်းကို ကိုယ်လျှောက်လာတာဆိုတော့ အမေက ဘာမှ ကန့်ကွက်တာမျိုးတွေ မရှိပါဘူး။ အဲဒီတော့ သူတို့ကိုလည်း ဘာမှ ကန့်ကွက်ဖို့မရှိဘူး။ သူတို့ခရီးလမ်းကို သူတို့ လျှောက်ကြရမှာ’’လို့ သူကဆိုပါတယ်။

Photo: Min Thu Paing

ဇာတ်ကားတွေထဲမှာတော့ မိခင်တစ်ယောက်အနေနဲ့ သားတွေရဲ့ အချစ်ရေးကို ကန့်ကွက်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အပြင်ဘဝက မိခင်တစ်ယောက်အနေနဲ့တော့ သားတွေရဲ့ အချစ်ရေးကို လွတ်လပ်ခွင့်ပေးထားတဲ့အကြောင်းကို ရယ်စရာအဖြစ် ပြောပြလာပါသေးတယ်။

‘’ရယ်စရာအဖြစ်နဲ့တောင်ပြောသေးတယ်။ မေမေ့မှာ နှလုံးရောဂါမရှိဘူး။ သားတို့ လုပ်ချင်တာလုပ်ပါလို့။ ဇာတ်ကားထဲမှာဆိုရင် အမြဲပြောနေရတာလေ မေမေ့မှာ နှလုံးရောဂါရှိတယ်။ သား မလုပ်ပါနဲ့ပေါ့။ အပြင်မှာတော့ နှလုံးရောဂါမရှိဘူး။ လုပ်ချင်ရာ လုပ်ပါပေါ့’’ ဆိုပြီးတော့ လမ်းလျှောက်သင်္ကြန်ပွဲဆင်နွှဲရင်း ဖြေဆိုခဲ့တာပါ။

Photo: Min Thu Paing

မေသဉ္ဇာဦးရဲ့ သားဖြစ်သူ မင်းသုပိုင်ကတော့ ၂၀၁၇ ခုနှစ်အတွက် ရွှေကြိုတစ်ဦးအဖြစ် ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်ကို ဝါသနာပါပေမယ့် တော်ရုံဇွဲလောက် ကြိုးစားမှုမတွေ့သေးတာကြောင့် မေသဉ္ဇာဦးက အားမပေးဘူးလို့ ဆိုပါတယ်။

‘’ ဗန်းကိုင်တုန်းကတော့ သူပဲလုပ်ချင်သလိုလိုနဲ့ သူပြောတာ မတိုက်တွန်းခဲ့ဘူး။ ကိုယ်တစ်ခုမှ မတိုက်တွန်းခဲ့ဘူး သူက မေမေတဲ့ သားအဲဒါလုပ်လို့ရလားဆိုတော့ သူဝါသနာပါလာပြီပေါ့။ နောက်တော့ သူက မေမေတဲ့ သားက မေမေတို့လို စကားတွေ မပြောတတ်ဘူး။ ဓာတ်ပုံရိုက်တာ ဆိုရင် ရိုက်လိုက်ဦးမယ် ဆိုတော့ ဒါဟာ ဝါသနာပါတယ်၊ သူလုပ်ချင်တယ်သာပြောတာ ဒီလောက်ရူးပုံနဲ့တော့ ကိုယ်တွေ အလုပ် လုပ်လို့မရဘူး။ ။ တော်ရုံ ဇွဲနဲ့တော့ ဒီလောကထဲဝင်လို့မရဘူး။ အဲဒါကြောင့် သူတို့ကို သိပ်ပြီးတော့ အားမပေးပါဘူး’’လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Min Thu Paing

သရုပ်ဆောင် မေသဉ္ဇာဦးဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ၂ ဆု ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ အနုပညာခရီးလမ်းကလည်း နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ အနုပညာအတွေ့အကြုံတွေ အများကြီးရှိသူတစ်ယောက်ဖြစ်ပြီး ဒီနေ့အထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က