ဒါပေမယ့် သမီးလေးက လိမ္မာတဲ့ ကလေးပါတဲ့။

လင်းဇာနည်ဇော်က သမီးလေးရဲ့ ပညာရေးကို အကောင်းဆုံးဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ သမီးလေး မြူလင်းကိုကို ကလည်း လိမ္မာတဲ့ ကလေးဖြစ်တယ်လို့ ပြောပါတယ်။

Photo: Myu Linn Ko Ko

လင်းဇာနည်ဇော်က ပြည်ပမှာ ကျောင်းတက်နေတဲ့ သမီးလေး မြူလင်းကိုကိုရဲ့ အကြောင်းတွေပြောလာပါတယ်။ မြူလင်းကိုကို ဟာ အသက် ၂၂ နှစ်အရွယ်ရှိပါပြီ။ ရင့်ကျက်လာတဲ့ ကလေးတစ်ယောက်ပါလို့ လင်းဇာနည်ဇော်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူက နည်းနည်းနားလည်တယ်လို့ ထင်ရပါတယ်။ အများကြီးလည်း ဆုံးမစရာ မလိုပါဘူး။ အကြောင်းအရာအများကြီးတော့ မပြောဖြစ်ဘူး။ အစ်မ ဘာတွေလုပ်နေတယ်၊ သူလည်း ဘာတွေဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကတော့ သားအမိနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်သိကြတယ်။ သူ့ကို အစ်မက တအားကြီးချုပ်ကိုင်တဲ့ ပုံစံနဲ့ မထိန်းချုပ်ဘူး’’ လို့ဆိုပါတယ်။

Photo: Myu Linn Ko Ko

သမီးလေးမြူလင်းကိုကိုဟာ မိဘအပေါ် အများကြီး သိတတ်သူပါလို့ လင်းဇာနည်ဇော်က ပြောပါတယ်။ ဒါပေမယ့် မိခင်တစ်ယောက်ဖြစ်တာကြောင့် စိတ်မချဘူးလို့လည်း သူကဆိုပါတယ်။

‘’ သူပြောတယ်လေ။ အခုချိန်မှာ သူတစ်ခုခုလုပ်သွားခဲ့ရင် ပညာတစ်ပိုင်းတစနဲ့ သူဘာမှ လုပ်လို့မရဘူး။ အဲဒီအတွက် အမေ မပူနဲ့ပေါ့။ ဒါပေမယ့် ကိုယ်လည်း ငယ်ရာက ကြီးလာတာဆိုတော့ အတတ်နိုင်ဆုံးတော့ ကိုယ့်သမီးလေးကို စိတ်ကတော့ မချဘူးပေါ့လေ’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့က ‘’စိန်ဂေါ်လီမ ယောကျ်ား’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Myu Linn Ko Ko

လင်းဇာနည်ဇော်ဟာ သူ့ရဲ့ အလုပ်ကြိုးစားမှုတွေကတော့ သမီးလေးအတွက်ချည်းပဲလို့ ဆိုပါတယ်။ သမီးလေးကိုလည်း ပညာရေးမှာ အရမ်းထူးချွန်စေချင်ပါတယ်တဲ့။

‘’ သူ့တစ်ယောက်အတွက်နဲ့ အစ်မမှာ ရုန်းကန်နေရတာ။ ကိုယ်က တစ်နိုင်တစ်ပိုင်လုပ်နေတာ မဟုတ်ဘူးလေ။ တစ်ယောက်တည်းမွေးထားတဲ့ သမီးဖြစ်တဲ့အတွက် မနိုင်မနင်းနဲ့ကို သူ့ရဲ့ ပညာရေးအတွက် အရမ်းကို ဖြစ်စေချင်လွန်းလို့ လုပ်ပေးထားတာဖြစ်တာကြောင့် ဒီသမီးအတွက်ကို ပို့ဖို့ရှာရင်းက နေမကောင်းတာတောင် အိပ်ရာထဲလဲလို့မရဘူး။ ငါမလုပ်လို့မရဘူးဆိုတဲ့ စိတ်နဲ့ပဲ ဆက်လုပ်နေရတာ’’ လို့ဆိုပါတယ်။  

Photo: Myu Linn Ko Ko

လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကိုဟာ ဇွန်လ ၁၂ ရက်နေ့ကအသက် ၂၂ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ လင်းဇာနည်ဇော်က လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်နေတာဖြစ်သလို အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့ ရွှေတောင်ခေါက်ဆွဲ လုပ်ငန်းကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။ 

Share

Loading Next Article...
က္က