ကလေးသရုပ်ဆောင်အဖြစ် လူသိများခဲ့သူလေးပါ။

ကလေးသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်ကို ပိုင်ဆိုင်ခဲ့တဲ့ ဂျူလီယာပါဝါ ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး(၄) ဘာသာနဲ့ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Khin Ohmar



ဂျူလီယာပါဝါ ကတော့ ကလေးသရုပ်ဆောင်အဖြစ် ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ သိခဲ့ကြတာပါ။ အခုဆိုရင်တော့ သူမက ၂၀၂၀ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ဂုဏ်ထူး(၄) ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါပြီ။ ဂျူလီယာပါဝါက အင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်တယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

“ သမီး ငယ်ငယ်တုန်းကဆိုရင် သူများတွေက စက်ပစ္စည်းပြင်တာတွေ၊ အိမ်ဆောက်တာတွေ မြင်ပြီးတော့ ကိုယ်က အရမ်းအားကျခဲ့တယ်။ အဲဒါကြောင့်လည်း အင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်ပါတယ်။ ဆယ်တန်း စာမေးပွဲမှာ ဂုဏ်ထူးပါဖို့ အတွက် တအားကြီး ကြိုးစားခဲ့ရတာမျိုးတော့ မရှိပါဘူး။ ကိုယ်တတ်နိုင်သလောက် အင်အားနဲ့ ကြိုးစားခဲ့တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Khin Ohmar

ဂျူလီယာပါဝါရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာ အောင်ဗပါဝါကလည်း သမီးလေးရဲ့ ဝါသနာကို ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။ ဂျူလီယာပါဝါကို ပညာရေးမှာ ထူးချွန်ဖို့အတွက် အနုပညာအလုပ်တွေကို မလုပ်ခိုင်းတော့တာလို့ သူက ပြောပါတယ်။ 

“ သားသမီးဖြစ်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာကတော့ မိဘရဲ့ တာဝန်ပါ။ သူတို့ ဝါသနာပါတဲ့ အရာလေးတွေကို မိဘတစ်ယောက်အနေနဲ့ ပံ့ပိုးပေးသွားမှာပါ။ အနုပညာအလုပ်ဆိုတာ မသေမချင်းလုပ်လို့ရပါတယ်။ ပညာဆိုတာ သူ့ အချိန်အတိုင်းအတာလေး တစ်ခုပဲ လုပ်လို့ရတာပါ။ အဲဒါကြောင့် သမီးလေးကို (၈) တန်းအရွယ်လောက်ကစပြီး အနုပညာအလုပ်တွေ မလုပ်ခိုင်းခဲ့ဘူး။ သူလေ့လာရမယ့် စာ၊ ပညာရေးကိုပဲ ဦးစားပေးလုပ်ခိုင်းခဲ့တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဂျူလီယာပါဝါ ဟာ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် နာမည်ကျော် အနုပညာရှင်များစွာနဲ့ အတူ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ စကားမပီကလာ ပီကလာလေးတွေနဲ့ ပြောဆိုတတ်တာလေးတွေကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တဲ့ ဆွဲဆောင်မှုလေး တစ်ခုပါပဲ။ အခုဆိုရင်တော့ သူမဟာ အနုပညာအလုပ်တွေထက် ပညာရေးကို ပိုဦးစားပေးသွားမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က