ဒီဇာတ်ကားကို အောက်တိုဘာ ၃ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာပါ။

‘’အမျှ…အမျှ..’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး အကယ်ဒမီ အိန္ဒြာကျော်ဇင်အတွက် အများကြီး မျှော်လင့်ထားတယ်လု့ိ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ကပြောပါတယ်။

ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) ကတော့ လက်ရှိရုံတင်ပြသနေတဲ့ အမျှ..အမျှ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်အတွက် အမှတ်တရဖြစ်စေမယ့် ဇာတ်ကားဖြစ်စေချင်တယ်လို့ ဆိုပါတယ်။ ပရိသတ်အားပေးစေချင်တယ်လို့လည်း Duwun Media အင်တာဗျူးမှာ ပြောခဲ့ပါတယ်။



‘’ကျွန်တော်ကတော့ အများကြီးမျှော်လင့်ထားပါတယ်။ အားငယ်တာ တစ်ခုက ကျွန်တော့် ဇာတ်ကားကတော့ Super Stars တွေ အများကြီး မပါဘူးပေါ့နော်။ အဲဒါကြောင့် ပရိသတ်ကိုပြောချင်တာကလည်း အားငယ်သူကို အားပေးကြပါလို့ ပြောချင်တာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ညက ‘’အမျှ…အမျှ…’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Amya Mya

‘’အမျှ..အမျှ..’’ရုပ်ရှင်ဇာတ်ကားကြီးကနေ ပရိသတ်ကို ပေးချင်တဲ့ သင်ခန်းစာတွေကိုလည်း ဒါရိုက်တာ စတီးလ် က ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အဓိက ကတော့ ကျွန်တော်က မေတ္တာတရားကို သွားချင်တာ။ ၅၂၈ မေတ္တာပေါ့။ အမေတစ်ယောက်က ကိုယ့်သားသမီးအရင်းပေါ်မှာ ထားတဲ့ မေတ္တာတရားရှိတယ်။ နောက်ထပ်တစ်နေရာပေါ့နော်။ မဆိုင်သော တစ်နေရာက ရောက်လာတဲ့ သမီးလည်း ရှိရင်ရှိမယ်။ ဒါပေမယ့် မသိစိတ်က နည်းနည်းလေး သွေဖယ်တဲ့ အရာလေးတော့ရှိတာပေါ့။ အဲဒီစိတ်လေးကနေဖြစ်လာမယ့် ဆိုးကျိုးတွေကိုပြချင်တာပေါ့။ ၅၂၈ မေတ္တာကို ဒီအတိုင်းရိုးရိုးလေးပြလိုက်ရင် Drama တစ်ခုဖြစ်နေမှာစိုးလို့ Horror လေးနဲ့ ပေါင်းပြလိုက်တယ်ဆိုတဲ့ သဘောပါ’’ လို့ သူကဆိုပါတယ်။

Photo: Amya Mya

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ‘’အမျှ….အမျှ…’’ ဆိုပြီးတော့ နာမည်ပေးဖြစ်တဲ့ အကြောင်းကိုလည်း ဒါရိုက်တာ စတီးလ်က ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။ အမျှ… အမျှ ရုပ်ရှင်ဇာတ်ကားကိုတော့ အောက်တိုဘာလ ၃ ရက်နေ့ ကတည်းက ရုံတင်ပြသနေတာဖြစ်ပါတယ်။

‘’ ကျွန်တော်တို့ မြန်မာလူမျိုးတွေက အလှူလုပ်ပြီဆိုရင် နောက်ဆုံး အမျှ ၃ ကြိမ်ခေါ်လိုက်လို့ရှိရင် ဒီအလှူက မွန်မြတ်တယ်လို့ စိတ်ထဲမှာ ထင်တယ်လေ။ ဒါပေမယ့် ကျွန်တော့် ဇာတ်ကောင် ၂ ခုက အမျှ က ၂ ကြိမ်ပဲ ရှိထားတဲ့အတွက် ဒုက္ခတွေရောက်နေတယ်။ ဒါကို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေက အမျှ နောက်ဆုံး တစ်ကြိမ်ကို ခေါ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Amya Mya

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ဟာ ‘’ခိုးဆိုးလုနှိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်လာတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အဲဒီနောက်မှာပေါ့ သဘာဝဆန်ဆန် အက်ရှင်ဇာတ်ကား၊ မိသားစုဘဝအကြောင်း ပညာပေးဇာတ်ကားတွေ အကြောင်း ရိုက်ကူးခဲ့ပါတယ်။ အနုပညာလောကထဲကိုတော့ သရုပ်ဆောင် အကယ်ဒမီ ဒွေး ရဲ့ မန်နေဂျာ တစ်ယောက်အဖြစ် စတင်ခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုထားဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က