ဇနီးချောလေးရဲ့ အလုပ်အပေါ် သူ့ရဲ့ ခံစားချက်ကိုပြောပြလာပါတယ်။
ပြေတီဦးက ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်အတွက် အမှတ်တရဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ ဝတ္ထုလည်းကောင်းသလို ဇာတ်ကားလည်း ကောင်းတယ်လို့ သူကဆိုပါတယ်။

Photo: Pyay Ti Oo



ပြေတီဦးဟာ ‘’ကျွန်မချစ်သော ယောကျ်ားသုံးယောက်’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ပြေတီဦးက အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ အဓိက ကတော့ အူဝဲအတွက် အနုပညာအရ မှတ်တမ်းလေးဖြစ်မယ့်၊ မှတ်မှတ်ရရ ဖြစ်မယ့် ကားလေးတစ်ကားကို အစ်ကို့အနေနဲ့ ပါဝင်ရိုက်ကူးပေးဖြစ်တယ်ဆိုတဲ့ စိတ်ကူးလေးပါပဲ။ ကျန်တဲ့ အရာတွေကတော့ အရမ်းအလှမ်းဝေးပါတယ်’’ လို့ ကျွန်မချစ်သော ယောကျ်ားသုံးယောက် ရုပ်ရှင်အထူးပြပွဲမှာ ပြောပြထားတာပါ။
Photo: RBV

ပြေတီဦးဟာ ဇာတ်ကားကောင်းတွေ အရိုက်များလာတဲ့ ရုပ်ရှင်လောကအပေါ် သူ့ရဲ့ သုံးသပ်ချက်တွေကို မျှဝေ ပြောပြထားပါတယ်။

‘’ဝတ္ထုက ခိုင်ခိုင်မာမာရှိထားတဲ့အခါကျတော့ အရည်အသွေးကောင်းပြီး အဓိပ္ပာယ်ရှိတဲ့ ဇာတ်ကားကောင်းတွေ အများကြီး ရိုက်လာနိုင်တာပေါ့။ ဒီလို ဝတ္ထုကောင်းကောင်းတွေကို ရိုက်လာကြတာဟာ ရုပ်ရှင်လောက ပိုမိုကောင်းလာဖို့ကို ဦးတည်လာတယ်လို့လည်း ပြောလို့ရတာပေါ့နော်။ အဲဒီအတွက် ကျွန်တော်ကတော့ အရမ်ဝမ်းသာပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Pyay Ti Oo

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အပေးအယူ မျှမျှတတနဲ့ ရိုက်ကူးခဲ့ကြပါသေးတယ်။ ဒီဇာတ်ကားနဲ့ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ကျွန်မချစ်သော ယောကျ်ားသုံးယောက်’’ ဇာတ်ကားမှာလည်း အိန္ဒြာကျော်ဇင်ရဲ့ဇာတ် ဖြစ်ပေမယ့် ပြေတီဦးကလည်း ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Pyay Ti Oo

ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။


ဆက်စပ်အကြောင်းအရာများ



က္က