သူ့ရဲ့ ပင်တိုင် မိတ်ကပ်ဆရာတစ်ယောက်ပါ။

အိန္ဒြာကျော်ဇင် ဟာ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် လူတစ်ဖက်သားအပေါ် ခွဲခြားဆက်ဆံတာမျိုးမရှိဘူးလို့ သူမရဲ့ပင်တိုင်မိတ်ကပ်ဆရာဖြစ်သူ Jeissca Han က ဆိုပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။ 

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ စိတ်နေ စိတ်ထားကို သူ့ရဲ့ မိတ်ကပ်ဆရာတစ်ဦးဖြစ်တဲ့ Jessica Han က ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အိန္ဒြာကျော်ဇင် ဆီကနေ သင်ယူခဲ့ရတဲ့ အရာလေးတွေရှိတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။



‘’ အစ်မကတော့ ကိုယ်တွေအတွက် စံပြပေါ့နော်။ အစ်မဆီကနေပြီးတော့ သင်ယူစရာတွေလည်း အများကြီးပါ။ တကယ်ကိုမှ စိတ်ရင်းစေတနာအရမ်းကောင်းတဲ့ မင်းသမီးပါ။ စီကာတို့က သင်ယူရတာပေါ့ သူ ဘယ်လိုနေလဲ၊ ဘယ်လို ပြောဆိုဆက်ဆံလဲ၊ အမူအကျင့်ပေါ့။ သူ့ရဲ့ အကျင့်လေးတွေက တခြားလူကိုပါ ထပ်ကူးစေတယ်။ ကောင်းမွန်တဲ့ အကျင့်လေးတွေပါ’’လို့ ဆိုပါတယ်။

Photo: Jessica Han

ဘယ်သူ့ကိုမှလည်း အော်တာ၊ ငေါက်တာ၊ ဆူပူတာမျိုးကို အိန္ဒြာကျော်ဇင်က မလုပ်ဘူးလို့ Jessica Han က ဆက်လက်ပြောပြခဲ့ပါတယ်။

‘’အစ်မက နည်းနည်းလေး အသံမာပြီးတော့တောင် စကားမပြောဖူးဘူး။ အစ်မက စီကာ့ကို မပြောဖူးတာထက် သူများကိုပြောတယ်လို့လည်း စီကာမကြားဖူးဘူး။ မိတ်ကပ်ဆရာကိုဆိုရင်လည်း မိတ်ကပ်ဆရာ Role တစ်ခုအနေနဲ့ ထားပေးတယ်။ တစ်ခါမှ အော်တာ ဆူတာ ငေါက်တာ မရှိဘူး’’ လို့ ဧပြီလ ၂၄ ရက်နေ့ ညက ရွှေတိဂုံစေတီမှာ ပြုလုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Jessica Han

 အိန္ဒြာကျော်ဇင်ရဲ့ အသက် ၄၂ နှစ်ပြည့် မွေးနေ့ အလှူကိုတော့ ဧပြီလ ၂၄ ရက်နေ့ညက ရွှေတိဂုံစေတီတော်မှာ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၀ ကျော်ပြီဖြစ်ပါတယ်။ သူမကိုဟာ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Photo: Jissca Han

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က