သရုပ်ဆောင်သစ်တွေအနေနဲ့ စံထားရမယ့် ပုဂ္ဂိုလ်ပါပဲတဲ့။

အလုပ်အပေါ်မှာ အရမ်းသစ္စာရှိတဲ့ အိန္ဒြာကျော်ဇင်ကို ရန်အောင်က ချီးကျူးစကား ပြောထားတာပါ။ သူနဲ့အလုပ်တွဲလုပ်ရတာ အရမ်းကောင်းသလို သူဟာ အခုခေတ် သရုပ်ဆောင်သစ်လေးတွေရဲ့ စံထားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo : Amazing Grace



အနုပညာလောကထဲမှာ ယနေ့ထက်ထိ အောင်မြင်မှုများစွာကို ရရှိထားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်သလို အနုပညာလောကသားအချင်းချင်းရဲ့ ချစ်ခြင်းကို ရရှိထားသူဆိုလည်း မမှားပါဘူး။ အလုပ်အပေါ်မှာ အရမ်းသစ္စာရှိတဲ့ အိန္ဒြာကျော်ဇင်ကို ဝါရင့်သရုပ်ဆောင် ရန်အောင်က ယခုလို ချီးကျူးစကား ဆိုထားပါတယ်။

Photo : Amazing Grace

“အူဝဲက နဂိုကတည်းက ကျွန်တော်ကြိုက်တဲ့ မင်းသမီးထဲမှာပါပါတယ်။ သူက အရမ်းအလုပ်ကြိုးစားတယ်။ ဆက်ဆံရေးလည်း အရမ်းကောင်းတယ်။ ပြီးတော့ ပြင်ဆင်မှုလည်း အရမ်းကောင်းတယ်။ တစ်ခုခုဆိုရင်လည်း နာခံတယ်။ အဲ့လိုမျိုးလေးတွေက ချစ်စရာသိပ်ကောင်းတယ်။ အကုန်လုံးရဲ့ စကားကို နားထောင်တယ်။ ပြီးတော့ သူအကောင်းဆုံး ဖြစ်အောင် ဖန်တီးတယ်။ သူ့အိုက်တင်မျိုးလေးတွေကလည်း ရှားတယ်။ သူ့ဇာတ်ကားတွေ တော်တော်များများ ကျွန်တော် ကြည့်ခဲ့ဖူးတယ်။ ဟာသဆိုလည်း ဟာသ၊ ဒရမ်မာဆိုလည်း ဒရမ်မာ အရမ်းကောင်းတယ်” ဆိုပြီး ရန်အောင်က “ကျွန်မအချစ်ဆုံးယောကျ်ား သုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲမှာ ပြောပြခဲ့တာပါ။

Photo : ရန်အောင်

နောက်ပိုင်းသရုပ်ဆောင်သစ်လေးတွေအနေနဲ့ သူ့ကို စံထားရမယ့် သူမျိုးလည်း ဖြစ်တယ်လို့ ရန်အောင်က ဆက်လက်ပြောခဲ့ပါတယ်။

“သရုပ်ဆောင် သစ်တွေအနေနဲ့ သူကို စံထားရမယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားတာပေ့ါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အကိုတို့အနေနဲ့လည်း သူ့အိုက်တင်လေးကို နှစ်သက်တယ်။ အတူတူအလုပ်လုပ်ရင်လည်း အပေးအယူမျှတယ်” လို့ ရန်အောင်က ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ မှာ"ရင်ဘက်ထဲကဓား " ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုတွေ ပိုင်ဆိုုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က