မအူဝဲနဲ့ပတ်သက်ရင် အကုန်သဘောကျတယ်။
အိန္ဒြာကျော်ဇင်ရဲ့ အနုပညာအပေါ် အားလုံးကိုသဘောကျတယ်လို့ နန်းဆုဦးက ပြောပြလာပါတယ်။ ဒါပေမယ့် ဇာတ်ကား အတူတူတွဲမရိုက်ဖူးဘူးလို့ဆိုပါတယ်။

Photo: RBV



သရုပ်ဆောင် နန်းဆုဦးက အိန္ဒြာကျော်ဇင်ရဲ့ အနုပညာအပေါ် သဘောကျနှစ်သက်တဲ့ အကြောင်း ပြောပြလာပါတယ်။ အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကျွန်မချစ်သော ယောကျ်ားသုံးယောက်’’ ရုပ်ရှင်ကားကြီးကိုလည်း အားပေးချင်နေပြီလို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’မအူဝဲရဲ့ သရုပ်ဆောင်မှုတွေက တခြားကားတွေနဲ့မတူပဲ ဒီဇာတ်ကားထဲမှာ ကာရိုက်တာ ၃ ခုကိုလုပ်ထားတယ်။ အပြင်အဆင်အပိုင်းတွေဆိုရင်လည်း နန်းဆုတို့ လေ့လာစရာတွေ အများကြီးပဲ။ မအူဝဲ သရုပ်ဆောင်တာလေးတွေ ကြိုက်တယ်။ အပိုအလိုမရှိ ကွက်တိပဲ’’လို့ ဆိုပါတယ်။

Photo: Eaindra Kz

သူမဟာ စီနီယာ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ ပတ်သက်လာရင်တော့ အားလုံးကို သဘောကျတယ်လို့ ဆိုပါတယ်။

‘’မအူဝဲကိုတော့ အကုန်သဘောကျတယ်။ အမှန်အတိုင်းပြောရရင် မအူဝဲနဲ့ တစ်ခါမှ ဇာတ်ကားထဲမှာ မဆုံဖူးဘူး။ အပြင်မှာပဲ ဆုံဖူးတာပါ။ မအူဝဲရဲ့ စတိုင်လ်လေးတွေကို သဘောကျတယ်။ သူက ဟာသဇာတ်ကားဆိုရင်လည်း ပါးပါးလေးတွေနဲ့ ရယ်စရာကောင်းအောင် သရုပ်ဆောင်နိုင်တယ်’’ လို့ ‘’ကျွန်မချစ်သော ယောကျ်ားသုံးယောက်’’ရုပ်ရှင်ကားကြီး အထူးပြပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nann Su Oo

နန်းဆုဦးက အနုပညာလောကထဲမှာ ၁၀ စုနှစ်နီးပါး ကြာခဲ့ပြီဆိုပေမဲ့ ဒီနေ့အချိန်ထိတော့ လေ့လာသင်ယူနေတုန်းပဲလို့ ဆိုပါတယ်။

‘’ရိုက်ကွင်းတွေပေါ်မှာ စီနီယာ အစ်ကို အစ်မတွေနဲ့ဆုံရင် သူတို့ရဲ့ အတွေ့အကြုံတွေကို သင်ပေးတာမျိုးတွေရှိတယ်။ ဒါမှမဟုတ်ရင်လည်းကိုယ်က အမြင်နဲ့ပဲ သင်ယူရတဲ့အပိုင်းတွေရှိတယ်။ အဲဒီလိုမျိုးနဲ့ပဲ တစ်ခါတလေကျရင် နန်းဆုတို့ အနုပညာဝမ်းစာ ဖြည့်ရတာပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Nann Su Oo

နန်းဆုဦးက ဗီဒီယိုဇာတ်ကားတွေ အရိုက်များတဲ့သူပါ။ သူမကို ချစ်ကြ၊ အားပေးကြတဲ့ ပရိသတ်တွေ အများကြီးပါ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ နဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ နန်းဆုဦးပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဥပါဒန်’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က