တရားလို ကောင်မလေး အသိဆုံးပါလို့ဆိုပါတယ်။

မင်းရာဇာဟာ သူတစ်ပါးအပေါ် ယုတ်မာလိုတဲ့ စိတ်မရှိတာ တရားလို ကောင်မလေးကိုယ်တိုင် သိပါတယ်လို့ ဒီနေ့ ဇွန်လ(၂၅) ရက် ရုံးချိန်းမှာ ပြောလာခဲ့ပါတယ်။  

အိမ်အကူမိန်းကလေးကို ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေ ကြောင့် တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကတော့ ဒီနေ့ ဇွန်လ(၂၅) ရက် ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ရုံးချိန်း အပြီးမှာတော့ မင်းရာဇာက သူ့ရင်ထဲက စကားတွေကို မီဒီယာတွေကနေတဆင့် အခုလို ပြောခဲ့ပါတယ်။ 



“ ကျွန်တော်တို့က အနုပညာသမားတွေပါ။ အားလုံးအထင်လွဲအောင် အဲ့ဒီလောက်အထိလည်း မရက်စက်ပါဘူးခင်ဗျာ။ ကျွန်တော်တို့တွေက သူတို့မိသားစုအပေါ်မှာ စေတနာပဲရှိခဲ့တာပါ၊ မေတ္တာတွေပဲ ထားခဲ့တာပါ။ အရာအားလုံးက သံသယကြောင့် ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို အဲဒီလောက်အထိ ကြီးကျယ်တာမဟုတ်ပါဘူး”လို့ ဆိုပါတယ်။ 

ဇွန်လ(၂၆) ရက်နေ့မှာလည်း ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမှုရင်ဆိုင်ရဖို့ရှိသေးတယ်လို့ မင်းရာဇာက ပြောပါတယ်။ သူဟာ တစ်ပါးသူအပေါ် ယုတ်မာလိုစိတ်မရှိတာ တရားလို အိမ်အကူမိန်းကလေး သိပါတယ်လို့လည်း ပြောခဲ့ပြန်ပါသေးတယ်။ 

“ ပြီးခဲ့တဲ တစ်ပတ်ကလည်း တရားလိုမလာပါဘူး။ ဒါပေမယ့် ဦးရောဘတ်စန်းအောင် ပြောတာက တရားလိုဟာ မြောက်ဥက္ကလာဆေးရုံသွားတယ်လို့ပြောတယ်။ မနက်ဖြန်တော့ အရှေ့ပိုင်းခရိုင်မှာ ဘယ်လို ဖြစ်လာမလဲတော့ ကျွန်တော်လည်း မပြောပြတတ်ဘူး။ သိန်း(၁၀၀) ကိစ္စကတော့ ကျွန်တော်လည်း ထောင်ထဲရောက်နေတော့ ဘာမှ မသိပါဘူး။ သေချာတာ တစ်ခုကတော့ သူတစ်ပါးအပေါ် ယုတ်မာလိုတဲ့စိတ် လုံးဝ မရှိပါဘူး။ တရားလို ကောင်မလေးကိုယ်တိုင် သိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဒီနေ့ ရုံးချိန်းမှာတော့ တရားစွဲဆို ခံထားရတဲ့ မင်းရာဇာနဲ့ အပေါင်းအပါ(၂) ဦးစလုံး မြောက်ဥက္ကလာတရားရုံးသို့ လာရောက်ခဲ့ကြပါတယ်။ အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးဖြင့် အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က