မိဘကို တင့်တောင်းတင့်တယ် ထားနိုင်တော့ ပျော်တာပေါ့။

ဖြူဖြူထွေးဟာ မိဘနှစ်ပါးကို တင့်တောင့် တင့်တယ် ထားပေးနိုင်တာကြောင့် သူမအတွက် အမေက အရမ်းပျော်နေတယ်လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Htwe



ဖြူဖြူထွေးကတော့ သူမရဲ့ အိမ်အသစ်ကို မိခင်ဖြစ်သူက အင်မတန် သဘောကျတယ်လို့ ဆိုပါတယ်။ သူမကိုလည်း ပိုက်ဆံကို ကိုယ်တိုင်သုံးခွင့်မပေးထားဘူးလို့ Duwun ကနေ ပြောလာပါတယ်။ 

“ အမေကတော့ အိမ်ကိုကြည့်ပြီး ပြုံးဘဲ ပြုံးနေတာ။ ပြုံးလိုက် အိမ်အပြင်လေး ထွက်လိုက် အိမ်ထဲ ပြန်ဝင်လာလိုက်ပေါ့။ အမေကတော့ ကိုယ့်သမီးလေးက ဒီလို အိမ်မျိုးနဲ့ တင့်တောင့် တင့်တယ် ထားနိုင်တော့ ပျော်တာပေါ့နော်။ အခုဆိုရင် သူက ပိုက်ဆံတွေတောင် ထုတ်ပေးနေတာ။ အမေ ပိုက်ဆံ ရေနေရင်လည်း ညနေကတည်းက ရေတွက်ရင် မနက်ရောက်မှ ပြီးတယ်။ တစ်ရွက်ချင်း ရေတွက်နေတာ အပြင်ထွက်သွားပြီးလို့ အိမ်ပြန်ရောက်လာရင် အမေ ဘာလုပ်နေတာလဲ မေးရင် ပိုက်ဆံ ရေနေတာ။ ပိုက်ဆံ ရေတိုင်းလည်း မှားမှားနေလို့ ပြန် ပြန်ရေတွက်နေတာ။ မုန့်ဖိုးလည်း အိမ်က မပေးဘူး ပိုက်ဆံကို ထား ထားတယ်။ လိုအပ်တာ ရှိရင် လိုက်ဝယ်ပေးတယ်။ ပိုက်ဆံကို အိမ်က ပေးမကိုင်ဘူး။ မုန့်စားချင်တယ်ဆိုရင်လည်း ခေါင်းအုံးအောက်မှာ အပြည့်ပဲ” ဆိုပြီးတော့ “ဝူခုန်း” ခြင်ဆေးခွေ ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 


Photo: Phyu Phyu Htwe

မိခင်ဖြစ်သူကတော့ ဖြူဖြူထွေးကို ရည်းစားမထားစေချင်ဘူးလို့ သူမကဆိုပါတယ်။ ဖြူဖြူထွေး ကိုယ်တိုင်ကလည်း အချစ်ရေး သတင်းတွေ နဲ့ပတ်သက်လာရင် တည်ငြိမ်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ 

“ အခန်းထဲ လာလာပြီးတော့ တစ်ခု ပြောတာတော့ ရှိတယ် ရည်းစားမထားနဲ့နော် ယောင်္ကျားတွေက မကောင်းဘူး။ သမီးက သိုက်က လာတာနော် ယောင်္ကျားယူလို့ မရဘူးပေါ့။ သူငယ်ချင်းနဲ့ Video Call ပြောနေလည်း အဲ့ဒါ ဘယ်သူတုန်း ဆိုတာက လာတယ်။ သမီး ရည်းစားလည်း မထားဘူး၊ ရှိလည်း မရှိဘူးလို့ ပြောလိုက်ရတယ်”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Phyu Phyu Htwe

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က