လက်ရှိ အချစ်ရေးအကြောင်းပြောပြလာပါတယ်။

လွှမ်းပိုင်ကတော့ ချစ်သူသက်တမ်း ၁၀ နှစ်ကြာ လက်တွဲလာတဲ့ Bobby Soxer နဲ့ မင်္ဂလာသတင်း အခြေအနေကို အခုလို ပြောပြလာပါတယ်။ 

Photo: Hlwan Paing



လွှမ်းပိုင်ကတော့ ချစ်သူလေး Bobby Soxer နဲ့ လက်ရှိ အချစ်ရေးအကြောင်း ဖွင့်ဆိုခဲ့ပါတယ်။ အချစ်ရေးခိုင်မာနေပြီဖြစ်တဲ့ သူတို့ နှစ်ဦးရဲ့ မင်္ဂလာသတင်းအပေါ် လွှမ်းပိုင်က Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော်တို့ မင်္ဂလာသတင်း ကြားရဖို့က တော်တော်လိုပါသေးတယ်။ ကိုယ်တွေ နှစ်ယောက်က ဖြစ်လာသမျှကို ရင်ဆိုင်မယ် ဆိုတဲ့ အတွေးထက် ရှေ့ရေးကို ကြိုတွေးပြီးတော့မှ နေတတ်တဲ့ ပုံစံထဲမှာ ကျွန်တော်ပါတယ်။ အခုလောလောဆယ်မှာ ယူမယ်ဆိုရင်လည်း ယူလို့တော့ ရတယ်။ ဒါပေမယ့် ယူပြီးသွားရင် ဘာဆက်ဖြစ်မယ်ဆိုတာကြီးကို Unseen မဖြေချင်ဘူး။ ကိုယ်ပိုင်မှ ကိုယ်ဖြေချင်တာပါ” လို့ သူကဆိုပါတယ်။ 

Photo: RBV

လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ချစ်သူ သက်တမ်းကတော့ အခုဆိုရင် ၁၀ နှစ်ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ ခေတ်ကာလအရ ချစ်သူသက်တမ်းအခုထိ ခိုင်မာနေတဲ့ အကြောင်းကိုလည်း လွှမ်းပိုင်က အခုလို ပြောပြလာပါတယ်။ 

“ ချစ်သူ သက်တမ်းကြာတယ် မကြာဘူးဆိုတာလည်း ကာယကံရှင်တွေနဲ့ ဆိုင်ပါတယ်။ ကျွန်တော်ကတော့ အခုလို ဖြစ်နေပေမယ့် တခြားတစ်ယောက်ကတော့ သူ့ရဲ့ အဆင်မပြေမှုတွေ၊ သူတို့ရဲ့ Relationship မှာ အခက်အခဲဆိုတာတွေ ရှိလာမှာပေါ့နော်။ ဒါကတော့ ကိုယ်နဲ့ အဆင်ပြေရင်တွဲ၊ မပြေရင် ဆက်မတွဲနဲ့ပေါ့။ ကျွန်တော် အဆင်ပြေနေလို့ တခြားသူတွေကိုလည်း အဆင်ပြေအောင်လိုက်နေရတယ်လို့ မပြောလိုပါဘူး” လို့ ဆိုပါတယ်။ 

Photo: HEXAGON

လက်ရှိမှာလည်း နှစ်ယောက်အတူတူ Hip Hop Fashion တွေ ရောင်းချတဲ့ High Skool Fashion Shop ကိုလည်း ဖွင့်လှစ်ထားပါတယ်။ လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ကိုတော့ ပျော်စရာကြီး ဆိုတဲ့ သီချင်းအခွေထဲက ‘’ခုန်လိုက်’’ဆိုတဲ့ Hip Hop သီချင်းနဲ့ ပရိသတ်တွေ စတင် သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နှစ်ယောက်အတူတူူ ဖျော်ဖြေပွဲများ စွာမှာ ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။

Photo: Hlwan Paing

လွှမ်းပိုင်ဟာ လက်ရှိ ဂီတလောကမှာ အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဟာ တစ်ကိုယ်တော် အခွေတွေဖြစ်တဲ့ ‘’ဂီတစာဆိုလွှမ်းပိုင်’’ အခွေနဲ့ ‘’ဂီတဗေဒ’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိခဲ့ပါတယ်။သူဟာ ဂီတလောကမှာသာမက သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ လက်တွဲပြီး ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က