ဒါပေမယ့် ခင်ပွန်းကတော့ surprise လုပ်ပေးတတ်တဲ့သူမဟုတ်ပါဘူးတဲ့။

မိုးယုစံကတော့ မိန်းကလေးပီပီ Surprise လုပ်တာကို သဘောကျပေမယ့် ခင်ပွန်းကတော့ Ro တတ်တဲ့သူမဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစု၊ အိမ်ထောင်ရေးကလည်း သူမအတွက်တော့ ကံကောင်းတယ်လို့ ပြောပါတယ်။

Photo: My Dream



မိုးယုစံနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းမိုးသူ တို့ရဲ့ အိမ်ထောင်ရေးကတော့ ၃ နှစ်တာကာလကို ရောက်ရှိလို့လာပါပြီ။ အိမ်ထောင်သက်တမ်း ၃ နှစ်အတွင်းမှာလည်း ချစ်စရာကောင်းတဲ့သားလေး Austin ကို ပိုင်ဆိုင်ထားပါတယ်။ မိုးယုစံကတော့ ဒီ အိမ်ထောင်ရေးဟာ သူမအတွက် အရမ်းကို ကံကောင်းလှတဲ့ အိမ်ထောင်ရေးဖြစ်တယ်လို့လည်း Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ အိမ်ထောင်သက်တမ်းက ၃ နှစ်ရှိပြီဆိုတော့ ဒီ ၃ နှစ်အတွင်းမှာ ကံကောင်းပါတယ်။ အိမ်ထောင်ရေးဆိုရင်လည်း လင်ရယ်၊ မယားရယ်လို့မဟုတ်ပဲ မိသားစုအရေးမှာလည်း ကံကောင်းတယ်လို့ပြောလို့ရတယ်။ တချို့ကျတော့လည်း အိမ်ထောင်ရေးအဆင်ပြေပေမယ့် မိသားစု အချင်းချင်း အဆင်မပြေတာမျိုးရှိတယ်ပေါ့နော်။ ကိုယ်က အဲဒီလို မဟုတ်ဘူး အကုန်လုံးအဆင်ပြေတဲ့အတွက် ကံကောင်းတဲ့အထဲတော့ ပါ ပါတယ်’’ လို့ ဆိုပါတယ်။

Photo: My Dream

ခိုင်မာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့အတွက်လည်း နားလည်မှုတွေက အများကြီးလိုအပ်တယ်လို့ မိုးယုစံက ပြောပါတယ်။ သူမကိုယ်တိုင်ကလည်း ခင်ပွန်းကို နားလည်ပေးတတ်တဲ့ ဇနီးတစ်ယောက်ဖြစ်တယ်ဆိုတာကို နိုဝင်ဘာလ ၂ ရက်နေ့က ဟော့ပေါ့ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ အခုခေတ်ကလေ ကိုယ့်ဘာသာကိုယ် နေကြတာများတယ်။ ကိုယ့် Type နဲ့ကိုယ်နေကြတယ်။ မိုး ဆိုရင် အဲဒီလိုပဲနေတယ်။ အမျိုးသားကလည်း သူ့ Type နဲ့ သူနေတယ်။ တချို့အရာတွေကို အရမ်းကြီး ပြုပြင်ခိုင်းတာမျိုး မရှိသလို ကိုယ့်ရဲ့ နေပုံထိုင်ပုံတွေကိုလည်း ပြုပြင်ခိုင်းတာမျိုးမရှိဘူးပေါ့နော်။ ချစ်သူဖြစ်ကတည်းက သူ့ရဲ့ အကျင့်တွေကို ပြောပြထားတယ်။ ကိုယ်ကလည်း ပြောပြပါတယ်။ ဒါပေမယ့် ကိုယ်က မိန်းကလေးဆိုတော့ လိုချင်တာတွေက ရှိတယ်။ ဂရုစိုက်တတ်တာမျိုးတွေ၊ Surprise လုပ်တာတွေဆိုရင် လိုချင်တယ်လေ။ သူက အဲဒီလို မဟုတ်တော့လည်း ကိုယ်က နားလည်ပေးလိုက်တာပေါ့လေ’’ လို့ သူကဆိုပါတယ်။

Photo: My Dream

မိုးယုစံကတော့ သူမကို ခင်ပွန်းဖြစ်သူက လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာပဲ Surprise လုပ်ခဲ့တာဖြစ်ပါတယ်။ ကိုစွမ်းမိုးသူက တကယ်တော့ Ro တတ်တဲ့ ခင်ပွန်းတွေထဲမပါဘူးဆိုပြီးတော့ မိုးယုစံတစ်ယောက် သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

‘’ သူက Surprise လုပ်တတ်တဲ့သူတွေထဲမှာ မပါဘူူး။ ပြောရမယ်ဆိုရင် Ro တဲ့သူမဟုတ်ဘူးပေါ့နော်။ မွေးနေ့လက်ဆောင် ဆိုရင်တောင်မှ ဘာလိုချင်လဲ ဝယ်ပေးမယ်။ မိန်းကလေးတွေကတော့ အဲဒီလိုမဟုတ်ဘူးလေ ငါဘာလိုချင်တယ်ဆိုတာ နင့်ဘာသာနင် သိရမယ်ဆိုတာမျိုးတွေပေါ့။ ယောက်ျားလေးတွေကျတော့ အဲဒါမျိုးတွေ မသိဘူးလေ။ လိုချင်တာ ဝယ်ပေးပြီးရင်လည်း ရော့ အင့်ပဲ။ ကိုယ်က အဲဒီလိုမဟုတ်ဘူး။ မွေးနေ့လက်ဆောင်ဆိုလည်း မွေးနေ့မှ ပေးပေါ့’’ လို့ ဆိုပါတယ်။

Photo: Baby & Me

မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။ မိုးယုစံနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းမိုးသူ တို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က