သူမက လက်ရှိမှာ ချစ်သူရှိပါတယ်။

ရတနာဗိုက လက်ရှိချစ်သူနဲ့ သစ္စာရှိရှိချစ်တယ်၊ အချစ်ရေးကို အေးအေးချမ်းချ မ်းပဲဖြတ်သန်းတယ်လို့ဆိုပါတယ်။ လက်ရှိ ချစ်သူတွေကြားမှာရှိတဲ့ စနှိုက်ကြော် ဆိုတဲ့ စကားလုံးအပေါ် သူမရဲ့ သဘောထားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

Photo: Kaung Chit Soe Instagram



သရုပ်ဆောင် ရတနာဗိုုက အချစ်ရေးအပေါ်ထားတဲ့ သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ လက်ရှိ အချစ်ရေးအခြေအနေကလည်း အေးအေးဆေးဆေးပါပဲလို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အချစ်ရေးနဲ့ ပတ်သက်ပြီး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အခုထက်ထိ ဘာမှ တွေးထားတာတွေ၊ မျှော်လင့်တောင့်တထားတာတွေ မရှိဘူး။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် ကံပါလို့၊ ဖူးစာပါလို့ တွေ့ကြတယ်။ တွေ့တဲ့အချိန်မှာ သစ္စာရှိရှိနဲ့ ချစ်မယ်။ ပြတ်ဆဲသွားတဲ့အခါမှာလည်း ကိုယ်က သူများအပေါ်မှာ ဘာမှမကျူးလွန်ထားတဲ့အတွက် ကိုယ့်သိက္ခာကိုယ်လုံတယ်၊ အေးအေးဆေးဆေးပဲနေတယ်။ ဒီအတွက် အကြီးအကျယ်ကြီး ခေါင်းစားတာ၊ တွေးတာတွေကို အချိန်ပေးရမှာလည်း မတန်ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Kaung Chit Soe Instagram

ချစ်သူရှိကြောင်း ပရိသတ်ကို အသိပေးထားပြီးသားဖြစ်တဲ့ ရတနာဗိုက ချစ်သူလေးကို စိတ်မချတာမျိုးတွေမရှိဘူးလို့ဆိုပါတယ်။ အခုလက်ရှိ ချစ်သူတွေကြားမှာ စနှိုက်ကြော်တယ် ဆိုတဲ့ စကားလုံးအပေါ် သူမရဲ့ သဘောထားကို အခုလိုပြောပြလာပါတယ်။

‘’စနှိုက်ကြော် ဆိုတာက အခုခေတ်မှာ ရေပန်းစားနေလို့သာပေါ့နော်။ ဒါကလည်း သူတို့စိတ်နဲ့ သူတို့ခံယူချက်ပေါ့နော်။ ကိုယ်တွေကတော့ သူများရည်းစားရှိနေတယ်ဆိုရင်တောင်မှ မျက်လုံးနဲ့တောင် မပြစ်မှားတတ်တဲ့အထဲမှာပါတယ်။ အဲဒီလို ကိစ္စတွေရှိလာခဲ့ရင်လည်း ပျော်ရွှင်ပါစေပေါ့’’ လို့ မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ကားကြီး အထူးပြပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Photo: Kaung Chit Soe Instagram

ရတနာဗိုရဲ့ ချစ်သူကတော့ အနုပညာလောကသားတစ်ယောက်မဟုတ်ပါဘူး။ ရတနာဗိုကတော့ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတာပါ။ အရမ်းတော်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်ပါတယ်။ သူမက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး တော်တော်များများ ရိုက်ကူးနေရတာဖြစ်ပါတယ်။

Photo: Kaung Chit Soe Instagram

သရုပ်ဆောင် ရတနာဗိုကတော့ သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာမျိုးကို တစ်ချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့မယ်ဆိုရင် သူ့ဘက်က အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က