Now & Ever ရုပ်ရှင်ကားကြီးအကြောင်း ပြောပြလာပါတယ်။

ဇဏ်ခီကတော့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးဟာ အိမ်ထောင်ရေးတစ်ခုရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို ပုံဖော်ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာလည်းအကောင်းဆုံးကြိုးစားထားကြတယ်လို့ သူကပြောပါတယ်။

Photo: Now & Ever



မကြာခင် ရုံတင်ပြသတော့မယ့် Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကိုတော့ မင်းသားချော ဇဏ်ခီကိုယ်တိုင် ရေးသားထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အပြင်က ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံထားတာဖြစ်တယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’တကယ်တော့ ကျွန်တော် ဒီဇာတ်ညွှန်းကိုရေးဖြစ်သွားတာက အပြင်က လင်မယားနှစ်ယောက်အကြောင်းကို ကြားမိပြီးတော့ ဇာတ်ညွှန်းရေးတယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ ဇာတ်အများကြီး ချဲ့လိုက်တဲ့ အတွက် အပြင်ကဟာနဲ့ သိပ်တော့ မတူတော့ဘူး။ ဒါပေမယ့် အပြင်မှာ တကယ်ရှိပါတယ်။ ကျွန်တော် US မှာနေတုန်းက မြန်မာ Couple တစ်ခုပေါ့နော်။ အပြင်မှာလည်း မမြင်ဖူးပါဘူး။ မိတ်ဆွေကနေတဆင့်ကြားတာပေါ့နော်။ အပြင်မှာရှိတဲ့ ဇာတ်လမ်းလေးကို အခြေခံပြီးတော့ ရေးထားတာပါ’’လို့ သူကဆိုပါတယ်။

Photo: Now & Ever

Now & Ever ရုပ်ရှင်ကားကြီးကတော့ ရိုက်ကူးရေး စတင်လှုပ်ရှားနေကတည်းက ပရိသတ်တွေ စောင့်မျှော်နေရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇဏ်ခီ အတွက်ရော ဒါရိုက်တာ ခရစ္စတီးနားခီ အတွက်ကရော ဒီဇာတ်ကားဟာ ၃ ကားမြောက်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်နဲ့ ‘’မုုဒြာခေါ်သံ’’ရုပ်ရှင် ဇာတ်ကားတွေဟာ အောင်မြင်မှုများစွာ ရရှိခဲ့တာဖြစ်တဲ့အတွက် Now & Ever ရုပ်ရှင် ဖန်တီးမှုမှာတော့ အများကြီး တာဝန်ပိုကြီးခဲ့တယ်လို့ ဇဏ်ခီက ပြောပါတယ်။

‘’သုံးကားမြောက် ဇာတ်ကားဆိုတော့လည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေက အမြင့်ကြီးပဲ။ ကျွန်တော်တို့ အကောင်းဆုံးလည်း ကြိုးစားကြတယ်။ ကျွန်တော်လည်း အရမ်းကြိုက်တယ်။ အားလုံးကလည်း ကျွန်တော်တို့နဲ့ ထပ်တူထပ်မျှ ကြိုက်နိုင်ပါစေလို့ပဲ ဆုတောင်းနိုင်တယ်။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံး ကြိုးစားခဲ့ပြီးသွားပြီ’’ လို့ သူကဆိုပါတယ်။

Photo: Now & Ever

ဇဏ်ခီဟာ Now & Ever ရုပ်ရှင်ဇာတ်ကားထဲမှာ မြန်မာ့ရိုးရာအစားအစာတွေကို အဓိက ပုံဖော်ရိုက်ကူးထားတဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။ ဒီဇာတ်ကားကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ မင်းသားချော ဇဏ်ခီနဲ့ အကယ်ဒမီ ပိုင်ဖြိုးသု တို့ရဲ့ သရုပ်ဆောင်မှုတွေကို ဒါရိုက်တာခရစ္စတီးနားခီရဲ့ ရိုက်ချက်တွေနဲ့ ပူးပေါင်းလိုက်တဲ့ အခါမှာတော့ အကောင်းဆုံးတွေ ဖြစ်လာလိမ့်မယ်လို့လည်း ပရိသတ်တွေက မျှော်လင့်နေခဲ့ကြတာဖြစ်ပါတယ်။

‘’ အစားအသောက်အပိုင်းတွေကတော့ ကိုသစ်ထူးက စီစဉ်ပေးထားတာပါ။ အရင်တုန်းကတော့ မုုဒြာ ခေါ်သံတုန်းက သူက ဆေးဆရာကြီးနေရာမှာသရုပ်ဆောင်တာ။ အပြင်မှာတော့ သူက စားဖိုမှူးပေါ့။ သူ့ကို အကူအညီတောင်းလိုက်တဲ့ အခါမှာတော့ ဇာတ်ဝင်ခန်းတိုင်းမှာ တတ်နိုင်သမျှ မြန်မာအစားအစာတွေကို ဖော်ပြတဲ့အနေနဲ့ သွားရေယိုအောင် အမြဲရိုက်ပြတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ ညက Now & Ever ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Now & Ever

ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပြန်ပါသေးတယ်။ ဇဏ်ခီဟာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကလည်း ပရိသတ် အားကျရတဲ့ အိမ်ထောင်ရေးစုံတွဲထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က