တကယ်ကို စိတ်မကောင်းဖြစ်နေကြတာပါ။
Sabal Thwin

Esther က သူမရဲ့ဖခင်ဖြစ်သူ၊ ဦးလေးဖြစ်သူတို့နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နေတဲ့အပြင် သူမရဲ့ ခင်ပွန်းပါလို့ စွပ်စွဲ ခံနေရတဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။ဒီ ကောလာဟလသတင်းတွေကိုလည်း ပြန်လည်ဖြေရှင်းတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

Photo: Esther



အဆိုတော် Esther ဟာ အိမ်ထောင်ရှိတယ်ဆိုပြီးတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းတွေဟာ ကောလာဟလသတင်းတွေဖြစ်တာကြောင့် ပြန်ဖြေရှင်းတာမျိုးတွေ မလုပ်တော့ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကောလာဟလ သတင်းတွေဆိုတာလည်း ဖြေရှင်းလိုက်တာထက် မြိုချလိုက်တာ ပိုကောင်းတယ်လို့ ညီမထင်တယ်။ ကဲ့ရဲ့ ၇ ရက်၊ ချီးမွှမ်း ၇ ရက်လို့ပြောတဲ့အတိုင်းပဲ ပြဿနာတစ်ခုခုဖြစ်လို့ လိုက်ရှင်းနေရတယ်ဆိုရင် ဒီဟာနဲ့ပဲ အချိန်ကုန်သွားမှာလေ။ ကိုယ်သည်းခံနိုင်သည်ဖြစ်စေ၊ သည်းမခံနိုင်သည် ဖြစ်စေ စိတ်ထဲကနေပဲ မြိုသိပ်နေတာ ကောင်းပါတယ်လို့ပဲ တွေးလိုက်တယ်” လို့ဆိုပါတယ်။ 

Photo: Esther

Esther က ဖခင်ဖြစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဦးလေးအရင်းဖြစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ပြီး ခင်ပွန်းပါလို့ စွပ်စွဲခံရတာဖြစ်တဲ့အတွက် စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ ဒီလို သတင်းတွေကြောင့် သူမရဲ့ အဖေရော၊ ဦးလေး ဖြစ်သူတို့ကပါ သူမအတွက် စိတ်မကောင်းဖြစ်နေတယ်လို့ ပြောပါတယ်။ 

“ သူတို့ အခုပြောနေတဲ့ ခင်ပွန်းဆိုတဲ့သူကလည်း သမီးရဲ့ အဖေပါ။ ကိုယ့်ကို မွေးခဲ့တဲ့ အဖေဖြစ်တဲ့အတွက် သမီးအဖေအတွက်လည်း စိတ်မကောင်းဘူး။ ပြီးတော့ US မှာတုန်းက ဦးလေးအရင်းခေါက်ခေါက်နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်းတက်လာတယ်။ သူက ပီယာနိုတီးတယ်၊ သူက US မှာ Music Trainning လာပေးတာပေါ့နော်။ သူတို့ပြောတဲ့သူတွေကလည်း ကိုယ့်အဖေ၊ ကိုယ့်ဦးလေးဖြစ်နေတော့ စိတ်မကောင်းဘူး။ အဖေဆိုရင် အခုနောက်ပိုင်း ဓာတ်ပုံတောင် မရိုက်ချင်တော့ဘူး။ နောက် ဒီလိုမဖြစ်အောင် ဆင်ခြင်ရမှာပေါ့” လို့ သူကဆိုပါတယ်။ 

Photo: Esther

Esther ဟာ ဘာသာရေးကို ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်လို့ သူမရဲ့ မဟုတ်မမှန်သတင်းလွှင့်တဲ့သူတွေကို မေတ္တာပဲထားတယ်လို့ဆိုပါတယ်။ 

“ဓာတ်ပုံဖြန့်တဲ့ သူတွေကို တရားမစွဲတော့ပါဘူး။ ကိုယ်က ဘာပဲလုပ်လုပ် ဘုရားပါတဲ့အတွက် ကိုယ့်ယုံကြည်ချက်နဲ့ သွားတာဖြစ်တဲ့အတွက် ဘုရားပဲ လှုပ်ရှားပါလိမ့်မယ်။ ကိုယ်က လိုက်လုပ်နေရင် ကိုယ်ပဲ ပင်ပန်းပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က Opening Ceremony Of AIA Office ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Esther

Esther ကတော့ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ winner ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက်မှာတော့ သူမဟာ ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ ဆိုနေရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်လာပြီဖြစ်တဲ့ Esther ဟာ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း စီးပွားရေးဘွဲ့ ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့က စီးပွားရေးဘွဲ့ယူခဲ့တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က