အခုဆိုရင် အိမ်ထောင်သက် ၁၁ လ ရှိပါပြီ။

ပိုင်ဖြိုးသု ကတော့ သူမ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူရဲ့ အကြောင်းတွေ ပိုသိလာရတယ်လို့ ဆိုပါတယ်။

Photo: Paing Phyo thu



ပိုင်ဖြိုးသုကတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အိမ်ထောင်သက်တမ်းက ၁၁ လရှိပြီဖြစ်ပါတယ်။ မကြာခင်မှာ တစ်နှစ်ပြည့်တော့မှာပါ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ အလုပ်နဲ့ပတ်သက်ပြီး နားလည်မှုတွေ ပိုထားရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’သုသု အိမ်ထောင်ကျတဲ့အချိန်ကနေစပြီးတော့ အခုချိန်ထိ အိမ်ထောင်သက် ၁၁ လထဲဝင်လာပြီ။ အိမ်မှာ တစ်ပတ်ပြည့်အောင် အတူတူမနေရသေးဘူး။ ခရီးတွေ တောက်လျှောက်သွားနေရတာပေ့ါနော်။ အနုပညာသမားနဲ့ အိမ်ထောင်ကျတဲ့လူတိုင်းကတော့ အချင်းချင်းနားလည်ပေးရတာပဲ။ ကိုဏကြီးဆိုရင်လည်း သူရိုက်မယ့် ဇာတ်ကားအတွက် Pre Production တွေလုပ်ရတယ်၊ Location နေရာတွေအတွက် ခရီးတွေထွက်ရတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ပဲ တည်ဆောက်ရတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Oakarlay

အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း ခင်ပွန်းဖြစ်သူရဲ့အကြောင်းတွေ ပိုသိလာတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

‘’ ကိုဏကြီးနဲ့က ချစ်သူသက်တမ်း တော်တော်ကြာမှ လက်ထပ်ဖြစ်တာပါ။ အိမ်ထောင်ကျပြီးမှ သိလာရတာကတော့ သူက တော်တော် Sweet ဖြစ်တဲ့ အမျိုးသားထဲမှာပါတယ်။ အမျိုးသမီးကိုလည်း အရမ်းညှာတယ်။ တစ်ရက်တလေ နားလို့ သူ့ကို ထမင်း၊ ဟင်းတွေ ချက်ပေးရင်တောင်မှ သူက ဘေးကနေပြီးတော့ မချက်နဲ့ပဲပြောတယ်။ အရမ်းတော့ Sweet ဖြစ်တယ်။ အဲဒါလေး ကြာကြာခံပါစေလို့တော့ ဆုတောင်းတာပေါ့နော်။ အခုက အိမ်ထောင်သက် နည်းနည်းလေးပဲရှိသေးတာဆိုတော့လေ။ နောက် ၅ နှစ်လောက်နေရင် ဘာဖြစ်မလဲ မသိသေးဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က MDS Fashion ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Na Gyi

ပိုင်ဖြိုးသုဟာ အလုပ်အပေါ်မှာလည်း အရမ်းလောဘကြီးတဲ့သူ တစ်ယောက်ပါလို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြောပြလာပါတယ်။ ဒီလောဘကြောင့် ခင်ပွန်းအတွက် အနှောက်အယှက်ဖြစ်မှာ စိုးရိမ်ပါတယ်တဲ့။

‘’ သုသုက လုံးဝ psycho ကိုဏကြီးကိုယ်တိုင်ကလည်းပြောတယ်။ ကိုဏကြီးကို မယုံကြည်တာ မဟုတ်ဘူး။ သုသုက အရမ်းအလုပ်လောဘကြီးတယ်။ ဇာတ်ကောင်တစ်ခုပြီးတစ်ခုကို စိတ်ထဲ ထားထားရတဲ့လူပေါ့နော်။ အဲဒီအတွက် ကိုဏကြီးပေါ်မှာ အနှောက်အယှက်ဖြစ်မှာအရမ်းစိုးရိမ်တယ်။ သူကတော့ ဆိုးတယ်ပြောတာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်ကတော့ ဆိုးတယ်လို့ မထင်ဘူး’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: RBV

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးဟာ အောင်မြင်မှုရရှိနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပိုင်ဖြိုးသုကလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က