ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

ရွှေအိမ်စည်က သူမဟာ အိမ်ထောင်မှု နိုင်နင်းသူ ထက် ပိုက်ဆံရှာတာကိုပဲ စိတ်ဝင်စားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။အိမ်ထောင်မှုကိစ္စတွေကို လုပ်နိုင်ရင်တောင်မှ မလုပ်ဘူးတဲ့။

 

သူမရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ပရိသတ်တွေကို ပြောပြတတ်တဲ့ ရွှေအိမ်စည်က သူမဟာ အိမ်ထောင်မှု နိုင်နင်းသူ ထက် ပိုက်ဆံရှာတာကိုပဲ စိတ်ဝင်စားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။အိမ်ထောင်မှုကိစ္စတွေကို လုပ်နိုင်ရင်တောင်မှ မလုပ်ဘူးတဲ့။

"အိမ်မှာဟိုဟာလေးလုပ်ဒါလေးလုပ်လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ နည်းနည်းပါးပါးနိုင်နင်းမှ ပန်းကန်တွေ ဆေးတတ်တယ် ဆိုတာ က မိန်းကလေး ပီသတယ်ဆိုပြီး မြင်တဲ့ကောင်လေး ရှိတယ်။ အဲ့တော့ အိမ်စည်အမြဲပြောတယ်။ အိမ်စည်ပိုက်ဆံရှာတတ်တယ်။ ငါက အရမ်းအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မှာ အောင်မြင်ရင် ပိုက်ဆံရမယ် အဲ့အချိန်မှာ ကိုယ်က သူများကို ခန့်ထားမှာပေ့ါ။ ဘာလို့ကိုယ်ကိုတိုင် ထိုင်လုပ်နေရမှာလည်းငါအရူးလားပေ့ါ။ အဲ့လိုပြောတယ်။အဲ့တော့မကြိုက်ဘူး။ အိမ်စည်က လုပ်နိုင်တယ်ဆိုမလုပ်ဘူး။ လူပင်ပန်းတယ်။ အဲ့လိုလုပ်မယ့်အစားအဲ့ထက်ပိုပြီး တန်ဖိုးရှိတဲ့အရာကို လုပ်လိုက်မှာပေ့ါဆိုတဲ့စိတ်ကရှိတယ်"လို့ စက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးပွဲမှာ မီဒီယာတွေကို ပွင့်ပွင့်လင်းလင်းဖြေဆိုပေးခဲ့တာပါ။

 

ပရိသတ်မျှော်လင့်တာ ဖြစ်လာဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရွှေအိမ်စည် 

ဒါကြောင့် သူမအနေနဲ့ အိမ်ထောင်မှုက ပိုက်ဆံရှာတာကို ပိုပြီး စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

"အိမ်စည်ပိုက်ဆံရှာတတ်တယ်။ သူတို့က ပိုက်ဆံလေးရှာပြီးတော့ ကိုယ်ကအိမ်မှာထမင်းလေးချက်ပြီး ကိုယ်ပေါ်မှဖောက်ပြန် ကိုယ်ကလည် မသိရ။ အိမ်မှာနေပြီး ယောကျ်ားပြန်လာပြီလားဆိုပြီးတော့ အိမ်စည်ကတော့အဲ့ဘဝကို မလိုလားဘူး။ သူတစ်ခုခုလုပ်နေတယ်ဆိုရင်တောင် ကိုယ်က အရင်သိရမယ်။ အဲ့လိုမျိုးပဲ လိုချင်တယ်။ အိမ်ထောင်ကျသွားရင် တောင်မှ တစ်စိမ်းက တစိမ်းပဲလေး သူနဲ့ ပြတ်သွားရင်တောင် မှ ကိုယ့်ဘဝလေးနဲ့ကိုယ်တောင့်တောင့်တင်းတင်းနဲ့ ကိုယ်ဘဝလေးနဲ့ ကိုယ်နေချင်တယ်။ ရည်းစားနဲ့ ပြတ်သွားလို့ ယောကျာ်းနေဲ့ ပြတ်သွား လို့ဆိုပြီး ဘဝပြတ်သွားတာမျိုး မဖြစ်ချင်ဘူး။" ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

 

ရွှေအိမ်စည်က လက်ရှိမှာ ပွဲတော်တော်များများ တက်ရောက်ဖြစ်နေပြီး မကြာခင် ကျင်းပပြုလုပ်မ့် Miss Supranational 2018ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ  ပြုလုပ်လျက်ရှိပါတယ်။

Miss Supranational 2018 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် ရွှေအိမ်စည် အတွက်ကိုတော့ အကောင်းဆုံးဖြစ်ဖို့ ပရိသတ်တွေရော၊ Organa zation က ပါ အားပေးနေကြတာကို တွေ့ရပါတယ်။ အဲ့ဒါကိုလည်း ဖိစီးမှုတစ်ခုလို့ မမြင်ပဲ ရွှေအိမ်စည်က ကြိုးစားသွားမယ်လို့ ဆက်လက် ပြော ပြခဲ့ပါတယ်။

 

'' သူတို့တွေ ခန့်မှန်းပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အရေးမပါသေးဘူး။ တကယ်တမ်းကျတော့ ကိုယ့်ကို တောင်မမြင်ရသေးဘူး။ ကိုယ်လည်း Camp တောင် မဝင်ရသေးဘူးဆိုတော့ ကိုယ့်ရဲ့ Activity ရယ်၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာပဲ ချမှတ် ထားတဲ့ Result လေးတွေပေါ့။ အိမ်စည်လည်း ကြိုးစားနေပါတယ်''  လို့ ဆိုပါတယ်။

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကိုတော့ နိုင်ငံပေါင်းများစွာတို့က အလှမယ် အသီတို့က အလှမယ် အသီးသီး တို့ကလည်း လာရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ



က္က