နောက်ဆိုရင် သားကျွေး၊ မယားကျွေး ရှိလာမှာလေ။

စိုင်းစည်တွမ်ခမ်း တစ်ယောက် ‘’ ချစ်သူများနေ့’’ နဲ့ ပတ်သက်တဲ့ အမှတ်တရဖြစ်ရပ်လေးကို ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ တစ်ချိန်မှာ အိမ်ထောင်ပြုဖို့ စီးပွားရေးတွေ ပိုလုပ်နေပါတယ်တဲ့။

Photo: စိုင်းစည်တွမ်ခမ်း



သရုပ်ဆောင် စိုင်းစည်တွမ်းခမ်းဟာ အသက် ၃၀ ကျော်အရွယ်ဖြစ်လို့နေပါပြီ။ တစ်ကိုယ်တည်း လူပျိုကြီး ဘဝနဲ့တော့ မနေဖြစ်လောက်ပါဘူး။ တစ်ချိန်ချိန်မှာ အိမ်ထောင်ပြုနိုင်ဖို့ အလုပ်တွေ ကြိုးစားနေတယ်လို့ Viho ကိုရီးယားအလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ လူတိုင်းပါပဲ အချိန်တန်ရင် အိမ်ထောင်ပြုရမယ်လေနော်။ သူငယ်ချင်းတွေလည်း စွံသွားတာ မနည်းဘူးပေါ့နော်။ အလုပ်ကလည်း လုပ်ရမှာပဲ ယောကျ်ားလေးဆို ပိုလုပ်ရမယ်လေ။ နောက်ကျရင် သားကျွေး၊ မယားကျွေး ရှိတယ်လေ’’ လို့ သူကဆိုပါတယ်။


Photo: စိုင်းစည်တွမ်ခမ်း

မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တော် စိုင်းစည်တွမ်ခမ်းက ‘’ချစ်သူများနေ့’’ မှာ ချောကလက် စားရဖို့ မကျိန်းသေတဲ့ ပုံပါပဲ။ ကျွေးမယ့်သူမရှိရင် ကိုယ့်ဘာသာဝယ်စားမယ်လို့ ဟာသနှောပြီး Duwun Media ကနေ ပြောလာပါတယ်။

‘’ Valentine’s Day နေ့ကျရင် သူများမုန့်ကျွေးရင်စားမယ်။ မကျွေးရင် ကိုယ့်ဘာသာကိုယ် ဝယ်စားမယ်။ ချစ်သူကျွေးတာကလည်း တစ်ခါတလေ စားရပါတယ်။ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့်ပေါ့’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ 

Photo: စိုင်းစည်တွမ်ခမ်း

အနုပညာအလုပ်တွေနဲ့ နှစ်အနည်းငယ်ကြာဝေးကွာနေတဲ့ စိုင်းစည်တွမ်ခမ်းက စီးပွားရေးဘက်ကို ပိုဦးစားပေး ဆောင်ရွက်နေတာ တွေ့ရပါတယ်။

‘’ အလုပ်ကတော့ ရေရှည်သွားနိုင်မယ့် အလုပ်ကို ရွေးပါတယ်။ အနုပညာကိုလည်း ကျွန်တော့် အရွယ်ရှိသလောက် နိုင်သလောက် လုပ်ပါတယ်။ မျှပြီး လုပ်ရတယ်။ အချိန်တော့ နည်းနည်းလျော့သွားတာပေါ့။ ရသလောက်အချိန်လေးမှာပဲ အကောင်းဆုံး ကြိုးစားပြီးလုပ်တယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: စိုင်းစည်တွမ်ခမ်း

စိုင်းစည်တွမ်ခမ်း(Sai Si Tom Khan)ကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ ခန့်ညားသပ်ရပ်တဲ့ ရုပ်ရှည် အရပ်အမောင်းကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ ပိုမိုအားပေးခြင်းကို ခံထားရသူတစ်ဦးပါ။ အခုဆိုရင်တော့ သူဟာ စီးပွားရေးဘက်ကို ပိုပြီး အချိန်ပေးနေတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က