သူမက Single တစ်ယောက်မဟုတ်ပါဘူးတဲ့။

အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သရုပ်ဆောင် မေသက်ခိုင်ရဲ့ အချစ်ရေးကတော့ တစ်ကိုယ်တည်း အပျိုလေးပါပဲ။ ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့အတွက်ကို မစဉ်းစားသေးဘူးလို့ ဆိုပါတယ်။ 

Photo: May Thet Khine

ပါးဖောင်းဖောင်းလေး၊ အသားဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ မေသက်ခိုင်က အခုချိန်ထိ တစ်ကိုယ်တည်း အပျိုလေးပါပဲတဲ့။ ဒါပေမယ့် သူမက Single မဟုတ်ဘူးလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ဒီအတိုင်းလေးက ကောင်းပါတယ်။ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ နေနေရတာပဲဆိုတော့ စိတ်ချမ်းသာတယ်။ ဒီအတိုင်းလေးနေရတာ စိတ်ချမ်းသာတယ်။ ဒါပေမယ့် တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကိုယ်က တစ်ဦးတည်းသော သမီးလည်းဖြစ်တယ်၊ အဲဒီလိုဆိုတော့ သူများတွေကို ညှာရမယ်ဆိုတာ သိပ်မသိဘူး။ ဒါကြောင့် ကိုယ့်ကို သည်းခံနိုင်တဲ့သူ ဖြစ်ဖို့တော့ လိုတာပေါ့နော်’’ ဆိုပြီးတော့ မြကျွန်းသာလမ်းလျှောက်သင်္ကြန်မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: May Thet Khine

သူမ ကိုယ်တိုင်ကလည်း လက်ရှိမှာ အိမ်ထောင်ပြုဖို့ မစဉ်းစားသေးတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးနေရတဲ့ ဘဝလေးကို နှစ်သက်တယ်လို့ မေသက်ခိုင်က ပြောပါတယ်။

‘’လူကြီးတွေကလည်း ကလေးလိုပဲ မြင်နေကြ။ ပြီးတော့ ကလေးတစ်ယောက်လိုပဲ အိမ်မှာထားထားတယ်။ အဲဒီတော့ တခြားလူကြီးနဲ့ ကိုယ့်ဘာသာကိုယ် သက်သက် အိမ်ထောင်တစ်ခုထူနိုင်ဖို့ကတော့ တော်တော်ကို စဉ်းစားရဦးမယ်။ ခရီးတွေ သွားရတာကို ဝါသနာပါတယ်။ သူငယ်ချင်းတွေကို ပိုချစ်တယ်။ အဲဒီလိုမျိုးလေးတွေက ကိုယ့်မှာရှိတော့ ကိုယ့်ရဲ့ ပုံစံလေးအတိုင်းပဲ လိုက်ပြီးတော့ နားလည်ပေးနိုင်မယ်ဆိုရင်တော့ စဉ်းစားရမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: May Thet Khine

မေသက်ခိုင်ကိုတော့ ပရိသတ်တွေက မြန်မာဝတ်စုံ ဒီဇိုင်းဆန်းလေးတွေနဲ့ မြင်ရတာများပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း မိန်းမအရမ်းဆန်တဲ့သူ မဟုတ်ဘူးလို့ ဆိုပါတယ်။

‘’အရမ်းကြီး မိန်းမဆန်တဲ့ သူတွေထဲတော့ မပါဘူး။ ပွဲတက်စရာရှိတယ်ဆိုမှ ဒေါက်ဖိနပ်လောက်စီးတာ။ ကျန်တဲ့အချိန်တွေ၊ သီချင်းဆိုတဲ့အချိန်တွေဆိုရင်တောင် ရိုးရိုး ဘွတ်ဖိနပ်ပဲစီးပြီး သွားနေရတာပဲ သဘောကျတယ်။ အရမ်းကြီးကျပ်ထုပ်ပြီး အသက်ရှုရကျပ်တဲ့ ဝတ်စုံတွေဆို မကြိုက်ဘူး။ အရမ်းကြီး မိန်းမမဆန်ဘူးထင်တယ်’’ လို့ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

Photo: May Thet Khine

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်(May Thet Khine)ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကား၊ မဂ္ဂဇင်းမျက်နှာဖုံး၊ ဂျာနယ် မျက်နှာဖုံးတွေနဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။



က္က