အသက် ၃၅ နှစ်မှ အိမ်ထောင်ပြုမယ်။

နေခြည်ဦးကတော့ သူမကိုယ်တိုင် ကြိုးစားမှုကနေ ရရှိလာတဲ့ အောင်မြင်မှု၊ ချမ်းသာမှုတွေကိုပဲ လိုချင်တယ်လို့ ဆိုပါတယ်။ အသက် ၃၅ နှစ်မှာ အိမ်ထောင်ပြုမယ်လို့လည်း သူကပြောပါတယ်။

Photo: Nay Chi Oo



နေခြည်ဦးက သူမကိုယ်တိုင် စဉ်းစားထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြလာပါတယ်။ အသက် ၃၅ နှစ်ရောက်မှာ အိမ်ထောင်ပြုမယ့် သူမက အခုဆိုရင် အသက် ၂၈ နှစ်ရှိပြီလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ နေခြည်ကတော့ အသက် ၃၅ လောက်မှ ယောကျ်ားယူမှာ။ ယူစရာမရှိရင် အိမ်က အဖေကို တောင်းခိုင်းမှာ။ အသက် ၃၀ ကျော်သွားလို့ အပျိုဟိုင်းကြီးပဲပြောပြော၊ ယောကျ်ားမရသေးဘူးပဲပြောပြော ဂရုစိုက်မှာ မဟုတ်ဘူး။ ဒီအရွယ်မှာ ၂၈ က နေခြည့်အတွက် ယောကျ်ားယူဖို့ ၂ နှစ်ပဲ ကျန်တော့တယ်လေ။ အလုပ်လုပ်စရာတွေရှိသေးလို့ အိမ်ထောင်မပြုနိုင်သေးဘူး။ ဒါကြောင့် အသက် ၃၅ နှစ်လောက်မှ ယောကျ်ားယူမှာ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၆ ရက်နေ့က Lux ရေချိုးဆပ်ပြာအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

နေခြည်ဦးဟာ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးလည်း လုပ်နေတဲ့သူဖြစ်တာကြောင့် မအားလပ်တဲ့အချိန်က များပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုမယ့် အချိန်တွေတော့ ရှိလာမှာပါလို့ သူကဆိုပါတယ်။

“ အပျိုကြီး မလုပ်ဘူး၊ အမလေး ပျင်းစရာကြီး ဘာလို့လုပ်ရမှာလဲ။ နေခြည့်ရဲ့ ဘဝမှာ ကိုယ်ကိုယ်တိုင် အောင်မြင်မှုတို့၊ ငွေကြေးချမ်းသာမှုတို့အရမ်းလိုချင်တယ်။ အဖေ၊ အမေချမ်းသာတာက တစ်ခြားပေါ့နော်။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ချင်တယ်။ ကိုယ် Ready ဖြစ်ပြီဆိုရင်တော့ ယောကျ်ားယူမယ်။ ကိုယ့်ကိုလည်း လာမချဉ်းကပ်ကြဘူး။ ချဉ်းကပ်မယ့်သူလည်း ရှိကိုမရှိတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Nay Chi Oo

နေခြည်ဦးက သူမရဲ့ ဘဝမှာ ရည်မှန်းချက်တွေအများကြီး ထားထားတယ်လို့လည်း ပြောပါတယ်။ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ ဖြစ်အောင်လို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

“ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒီအရွယ်မှာ လူငယ်တစ်ယောက်ဟာ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တာ အကောင်းဆုံးပဲလို့ နေခြည်ထင်တယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာဆိုလည်း မိသားစု စီးပွားရေးကနေခွဲထွက်ပြီး စီးပွားရေး သက်သက်လုပ်နေတာရှိတယ်။ ဒါမှ မဟုတ် အလုပ်တစ်ခုခုတော့ ဆုပ်ဆုပ်ကိုင်ကိုင်ရှိနေပြီ။ ဒါကြောင့် ဒီအရွယ်မှာတော့ ကိုယ့်ခြေထောက်အပေါ် ကိုယ် ရပ်တည်သင့်နေပြီလို့ ထင်တယ်။ နေခြည်ကိုယ်တိုင်လည်း ကြိုးစားနေတုန်းပဲ” လို့ သူကဆိုပါတယ်။


Photo: Li John

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။ နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်တဲ့အခါမှာလည်း ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က