သားကိစ္စကိုလည်း ခင်ပွန်းကပဲ လုပ်ပေးတာပါ။

ထွန်းအိန္ဒြာဗိုလ်ဟာ သားတစ်ယောက်မိခင်ဖြစ်ပေမယ့် သားလေးရဲ့ ကိစ္စတွေကို ခင်ပွန်းဖြစ်သူက တာဝန်ယူနေတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မပြည့်စုံဘူးလို့ ပြောပါတယ်။

photo: mi mi khaing



ထွန်းအိန္ဒြာဗိုလ် လက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုလေးအကြောင်းပြောပြလာပါတယ်။ သူ့ရဲ့ အိမ်ထောင်ရေးမှာတော့ သူက မပြည့်စုံမှုတွေများတဲ့ အိမ်ထောင်ရှင်တစ်ယောက်ပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်မက အိမ်ထောင်ရှင်မကောင်းတစ်ယောက် မဟုတ်ပါဘူး။ တကယ်တမ်းကျွန်မတို့ မြန်မာ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တိုင်းတာရင်တော့ ကျွန်မ မပြည့်စုံတာတွေ အများကြီးပဲ။ အချိန်မပေးနိုင်တာတွေရော၊ ထမင်း ဟင်းမချက်နိုင်တာတွေရော၊ သားသမီးကိစ္စရော၊ အစုံပဲပေါ့နော်’’ လို့ သူကဆိုပါတယ်။

photo: mi mi khaing

သူဟာ အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်ဆောင်နေတာကြောင့် မိသားစုဘက်ကို အချိန်ပေးတာနည်းတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့ အနုပညာအလုပ်တွေကို အရမ်းနားလည်ပေးသူပါတဲ့။

‘’ သားကိစ္စတွေကိုလည်း ကိုအောင်မင်းထွန်းပဲလုပ်နေတာ။ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ သူက အရမ်းအေးပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့ ညက ကျင်းပပြုလုပ်တဲ့ ‘’ကွီးတို့မာယာ’’ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

photo: mi mi khaing

ထွန်းအိန္ဒြာဗိုလ်က လက်ရှိမှာ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းနဲ့ လက်ထပ်ပြီး အောင်ဗိုကောင်းသန့် ဆိုတဲ့ တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားတဲ့ မိသားစုလေးပါ။ သူမရဲ့ သားဖြစ်သူကတော့ အနုပညာအလုပ်ကို ဝါသနာမပါဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အောင်ဗိုလ်ကောင်းသန့် က အားကစားဘက်မှာတော့ အရမ်းကို ထူးချွန်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

photo: mi mi khaing

ထွန်းအိန္ဒြာဗိုလ် ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲဒီနောက်  ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က