အသက် ၃၀ မပြည့်ခင်အထိ ရွှေကြိုဖြစ်လို့ရပါတယ်။
အသက် ၃၀ မပြည့်ခင်အထိ ရွှေကြိုတစ်ယောက်ဖြစ်လို့ရတယ်လို့ အကယ်ဒမီရန်အောင်ကဆိုပါတယ်။ အိမ်ထောင်ရှင်တစ်ဦးကို ရွှေကြိုအဖြစ် ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြခဲ့ပါသေးတယ်။

Photo: Win Ni Aung

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီရွှေကြို ရွေးချယ်ရေးအဖွဲ့မှာ ရန်အောင်က ပါဝင်လာတာဖြစ်ပါတယ်။ ဒါကြောင့် လည်း ရွှေကြိုမှာ အိမ်ထောင်သည်တစ်ဦး ပါဝင်လာတယ်လို့ ဝေဖန်ကြတဲ့အပေါ် မီဒီယာတွေကနေတဆင့် အခုလို ဖြေရှင်းပြောပြခဲ့ပါတယ်။

‘’ အဲဒါတွေက ရွှေကြို ပေတံနဲ့ သွားတိုင်းလို့ အဲ့ဒီလို ဖြစ်သွားတာပါခင်ဗျ။ အနုပညာရှင်တွေရဲ့ ရင်သွေး ဖြစ်ရမယ် ဆိုတာကိုပဲ ကျွန်တော်တို့ က အသိအမှတ်ပြုထားပါတယ်။ အသက်အပိုင်းအခြားလေးတော့ တိုင်းထားတာပေါ့လေ။ အသက်ကလည်း ၂၀ ဝန်းကျင်လေးတွေ ဆိုတော့ အဲဒါတွေကိုပဲ ကျွန်တော်တို့ ရွေးချယ်လိုက်ကြတာပါ ခင်ဗျ။’’ လို့ ဆိုပါတယ်။

Photo: Win Ni Aung

ရန်အောင်ဟာ ရွှေကြိုအနေနဲ့ အနုပညာရှင်တွေရဲ့ မျိုးစက်ကို ထည့်သွင်းစေခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။ အသက် ၃၀ မပြည့်သေးတဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေလည်း ရွှေကြိုတစ်ယောက် ဖြစ်လို့ရတယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွှေကြိုမောင်မယ် မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’အသက် ၃၀ မပြည့်မချင်းတော့ ရွှေကြိုမှာ ထည့်လို့ရပါတယ်။ ဒါပေမယ့် အနုပညာမျိုးရိုး ဖြစ်ဖို့က အရေးကြီးတာပေါ့နော်။ အဲဒီမှာ ကိုခင်လှိုင်နဲ့ ဇာတ်ကားအတူတူရိုက်နေတာဖြစ်တဲ့အတွက် ကိုခင်လှိုင်ရဲ့ သားနဲ့ သမီး ကိုလည်း အကူအညီတောင်းခဲ့တယ်။ ပြီးတော့ ကိုမင်းသူမှာလည်း ဒီလိုအရွယ်သားရှိတယ်လို့ မသိခဲ့ဘူး၊ မင်းသူကိုလည်း မင်းတို့ရဲ့ မျိုးဆက်ဆိုတာလေးကို ငါတို့ပြချင်တယ် ပွဲထုတ်ချင်တယ်ပေါ့’’ လို့ သူကဆိုပါတယ်

Photo: Win Ni Aung

အဲဒီနောက် ရွှေကြိုမှာ မပါဝင်ဖြစ်ခဲ့တဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေလည်းရှိတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ကိုကိုဦးရဲ့ သားလေး သီဟအောင် ပါဝင်ဖြစ်လာပုံကိုလည်း အခုလို ပြောပြထားပါသေးတယ်။

‘’အကြောင်းကြားတာ နောက်ကျတဲ့ သူတွေလည်းရှိတယ်။ အဲဒီမှာ ကိုကိုဦးသားလေးကိစ္စကလည်း ရှိလာတော့ ကျွန်တော်တို့ ခေါင်းခြောက်သွားတာပေါ့။ သူကလည်း ကံလေးက ကောင်းချင်တော့ ကိုခင်လှိုင်သားက ၁ ရက်နေ့မှာ ရှုတင်ရှိလို့ ခွင့်ယူသွားတယ်။ သူ့နေရာမှာ အစားထိုးပြီးတော့ ကိုကိုဦး သားလေးက ဝင်သွားတယ် ဗျ’’ ဆိုပြီးတော့ သဘောကျရင်း ပြောပြလာပါတယ်။
Photo: Win Ni Aung

၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကြမယ့် ရွှေကြို မောင်မယ်လေးတွေကတော့ သရုပ်ဆောင် မင်းသူရဲ့ သား မင်းသန့်ကိုကို၊ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလ၊ သရုပ်ဆောင် နေမင်းရဲ့ တူ အုပ်သာကျော်၊ သရုပ်ဆောင် နေထက်လင်းရဲ့ သား ထက်လင်းအောင်၊ သရုပ်ဆောင် ကိုကိုဦးရဲ့ သား သီဟအောင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့ မြေး ဝတ်မှုန်သန့်၊ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့တူမ မေတိုးခိုင်တို့အပြင် တက်သစ်စ အနုပညာရှင်လေးနှစ်ဦးဖြစ်တဲ့ ဆောင်းယွန်းစံနဲ့ နန်းရွှေရည်တို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။ 



က္က