အချစ်ရေးနဲ့ပတ်သက်ရင် မိသားစုကိုတိုင်ပင်တယ်။

သဇင်ထူးမြင့်ကတော့ ချစ်သူထားရင်တောင်မှ အိမ်ထဲမှာနေပြီး ရေခဲတုံးလို ကောင်လေးမျိုးကိုပဲ ထားမယ်လို့ ပြောပါတယ်။ သူမရဲ့ အချစ်ရေးကိုလည်း မိသားစုတွေနဲ့ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဖြစ်ပါတယ်တဲ့။ 

Photo: RBV



သဇင်ထူးမြင့်ကတော့ မိဘတွေအတွက် တကယ်ကို သမီးလိမ္မာလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူ ရှိရင်တောင် မိသားစုကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ရည်းစားမထားဘူးလေ။ အလုပ်လုပ်ဦးမယ်။ အိမ်မှာက ဘယ်အရာမဆိုအပွင့်လင်းဆုံးပြောတယ်။ မလျှို့ဝှက်ထားဘူး။ ဘယ်သူ ကိုယ့်ကို လာကြိုက်နေပါတယ်ဆိုတာကအစ အကုန်ပြောပြထားတာ။ ဖေဖေ တို့က အရင်တုန်းကဆိုရင် အပြင်တွေဘာတွေ သိပ်မသွားဘူး။ အခုကျတော့ အခန်းထဲကတောင် မထွက်တော့လို အပြင်ထွက်လို့တောင် တော်တော်ပြောယူရတယ်” လို့ ဆိုပါတယ်။

Photo: Thazin Htoo Myint

သဇင်ထူးမြင့်ကတော့ လက်ရှိမှာ အချစ်ရေးထက် အနုပညာအလုပ်တွေကို ပိုပြီးလုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူမဟာ မိသားစုဝင်တွေရဲ့ အချစ်သာမက ပရိသတ်များစွာတို့ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒါကြောင့် သူမ ရွေးချယ်မယ့် ချစ်သူကောင်လေးမျိုးကတော့ ရေခဲတုံးလို ဖြစ်မှ ရမယ်လို့ ဆိုပါတယ်။

“ အေးအေးဆေးဆေး နေတတ်တဲ့လူကိုပဲ ရည်းစားထားမှာ။ အိမ်ထဲမှာနေတဲ့သူကိုပဲ ထားမှာ။ စိတ်ပူတာတွေ မလုပ်ချင်လို့။ ဘာအာရုံမှ မရှိပဲ အနေအေးပြီးတော့ ရေခဲတုံးလို လူမျိုးပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့မနက်က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: B

သဇင်ထူးမြင့်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ အနုပညာအလုပ်တွေ ပိုလုပ်လာခဲ့တာကို တွေ့ရပါတယ်။ သူမအတွက်တော့ အပြောင်းအလဲတွေ ရှိခဲ့တဲ့ နှစ်တစ်နှစ်ပါပဲတဲ့။

“၂၀၁၉က တော်တော်များများတော့ မကောင်းတဲ့နှစ်ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမယ့် အလုပ်နဲ့ပတ်သက်ရင်တော့ ကောင်းတယ်။ အရမ်းကို မထင်မှတ်ထားတဲ့ အပြောင်းအလဲလေးဖြစ်သွားတယ်ပေါ့နော်။ ၂၀၂၀ မှာတော့ လူကြီးဆန်သင့်ပြီပေါ့နော်။ တစ်ယောက်တည်းလည်း မနေချင်ဘူး။ အတွေးများတယ်လေ။ အဲဒီတော့ မိဘတွေအနားနဲ့ သူငယ်ချင်းတွေ အနားမှာနေပြီး အချိန်တွေကုန်ချင်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: RBV

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က